18
1.1K 170 6
Zawgyi#
ယခင်ရက်များက ဘုန်းရှိန်ဝါတစ်ယောက် သတိမထားမိပေလို့များလား ...... ကုမ္ပဏီရှေ့တွင် ကားပေါ်ကလူမှာ ရှေးဝသုန်ကို မှာတမ်းခြွေလို့မဆုံး ၊ စိတ်ကမရှည်ချင်တော့သဖြင့် ကားဟွန်းကိုသာ အကြာကြီး ဖိနှိပ်ပစ်လိုက်သည်။
တီ.......................တီ.....................တီ......................
လင်းခက်သွင် အနောက်ဘက်ကြည့်မှန်ထဲမှ ကားတစ်စီး ဟွန်းတီးနေသည်ကို တွေ့လိုက်ရသောကြောင့်
" ကဲ ၀သုန်လေး ကိုယ်သွားတော့မယ် မှာတာတွေ မမေ့နဲ့ အချိန်ပိုလုပ်ရမယ်ဆိုလည်း ဖုန်းဆက်လိုက် ဟုတ်ပြီလား "
ရှေးဝသုန် ခေါင်းကို သွက်သွက်ငြိမ့်ပြကာ ကုမ္ပဏီဝင်းထဲသို့ လမ်းလျှောက်ဝင်လိုက်သည်။ ရှေ့မှ ကားထွက်သွားသည်နှင့် ဘုန်းရှိန်ဝါသည် ကားကို အရှိန်ဖြင့် ၀င်းထဲသို့ကွေ့ကာ လမ်းလျှောက်နေသော ရှေးဝသုန်ဘေးမှ ဖြတ်ကျော်ကာ ကားပါကင်သို့မောင်းသွားလေသည်။
ကုမ္ပဏီတွင်းသို့ရောက်သော် အခန်းတံခါးပွင့်လျှက်ရှိပြီး မြသက်ခြယ်၏နေရာတွင် သူမအိတ်နှင့် ထမင်းချိုင့်ကိုတွေ့ရသော်လည်း လူကမရှိ။ ၀န်ထမ်းများ နားနေရန်နှင့် ဗာဟီရ ကော်ဖီဖျော် ၊ ရေနွေးတည်ရန်လုပ်ထားပေးသော Pantry ဘက်သို့ရှေးဝသုန် လျှောက်လာသော် နံရံကပ် ဗီဒိုကို ဖွင့်ကာ ကုန်းကုန်းကွကွဖြင့် အလုပ်ရှုပ်နေသော မြသက်ခြယ်ကို တွေ့လိုက်ရလေသည်။
" သက်ခြယ် ဘာလုပ်နေတာလဲ "
" ဘာဖြစ်ရမလဲ ကိုဘုန်းပေါ့ ...... စောစောစီးစီး ဘာဖြစ်လဲမသိပါဘူး သူ့ဒေါသ နဲ့ မျက်နှာချည်းဘဲ လိုက်ကြည့်နေရတယ် ခုနကရောက်ရောက်ချင်း အခန်းထဲဝင်သွားတာမှ မကြာသေးဘူး ၀န်ထမ်းကောင်မလေးတစ်ယောက် သူ့အခန်းထဲ ဖိုင်သွားပို့တာ အအော်ခံလိုက်ရတယ်လေ ဘာအမှားတွေပါလို့လည်းမသိ အဲ့ကောင်မလေးက မနက်တိုင်း သူ့ကို ကော်ဖီ ၊ ရေနွေးပြင်ပေးနေကြ ထပ်သွားလို့အမြင်မကြည်ရင် ငေါက်ခံနေရဦးမယ် အဲတာ သူ့အစား ကျွန်မသွားပို့မလို့ "
ရှေးဝသုန်ကို ရှင်းပြနေရင်း တစ်ဖက်မှလည်းရေနွေးတည် ၊ ကော်ဖီခွက်ဆေးနေရင်း မြသက်ခြယ် ဇယ်ဆက်သလိုလုပ်နေလေ၏ ။