41
1K 135 2
Zawgyi #
ည ၈နာရီကျော်ပြီဖြစ်သော်လည်း လပြည့်ညဖြစ်သောကြောင့် လမ်းထဲတွင် ဆီမီးထွန်းသူ ၊ မီးရှုးမီးပန်းဆော့ကစားသူများရှိနေသေးသောကြောင့် တစ်လမ်းလုံးထိန်ထိန်လင်းလျှက်ရှိသည်။ လင်းခက်သွင်မှာ အလုပ်ကိစ္စများမပြတ်သေး၍သာ ရှေးဝသုန်သည် ဘုန်းရှိန်ဝါချိန်းထားသည့် ရွှေတိဂုံဘုရားသို့ထွက်လာနိုင်ခြင်းဖြစ်သည်။ ဘကြီးဖေလေးမြိုင်နှင့် အရီးသုန်မှာ ဥပုသ်ယူထားပြီး အိမ်တွင်သာ ဥပုသ်စောင့်ကျန်ရစ်သဖြင့် ရှေးဝသုန် ဘုရားသွားမည့်ကိစ္စကို အထွေအထူးမဆိုပေ။
ရှေးဝသုန်မှာ အရဲစွန့်ပြီး ဘုန်းရှိန်ဝါကို အဖြေပေးကာ အချစ်ကိုရှေ့သို့မဆက်ဘဲ ဤနေရာတွင် ရပ်ပစ်ဖို့ ပြောရန်လာခဲ့သော်လည်း ၊ ဘုန်းရှိန်ဝါမှာ ရှေ့ဆက်ကာ အရာရာကို ရင်ဆိုင်မည့်သဘောတွင်ရှိနေသည်။ မိမိဘက်က စချစ်ရခဲ့သည်မို့ ဘုန်းရှိန်ဝါ၏ စကားများကို ငြင်းပယ်နိုင်စွမ်း မရှိကာ ၊ ခေါင်းငြိမ့်အဖြေပေးမိပြီး ရှေးဝသုန် စိတ်ကူးထားသည်နှင့် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရ၏။
တစ်လမ်းလုံးငြိမ်သက်စွာ လိုက်ပါလာသော ရှေးဝသုန်သည် ခြံရှေ့သို့ရောက်သည့်တိုင် အတွေးရေယာဉ်ကြောတွင် မြောပါလျှက်ရှိသည်။ ဘုန်းရှိန်ဝါမှာ ချစ်ရသူနှင့်အတူ အချိန်ထပ်ကုန်ဆုံးချင်သော်လည်း မိမိကြောင့် ရှေးဝသုန်အခက်မတွေ့စေလိုပေ။ လွန်ခဲ့သောရက်က ရှေးဝသုန်အိမ်ရောက်စဉ် တမူထူးခြားသော အိမ်သားများ၏ ဆက်ဆံရေးကြောင့် ဘုန်းရှိန်ဝါသည် အချိန်နောက်မကျစေရန် သတိထားနေရသည်။ ယောကျာ်းလေးတစ်ဦးဖြစ်သော်လည်း မြသက်ခြယ် ပြောစကားအရ ရှေးဝသုန်သည် ခေတ်လူငယ်များလို အပြင်တွင် အချိန်ကုန်ဆုံးလေ့သိပ်မရှိပေ။
" ၀သုန်လေး..."
" ဟင်... အော်... ရောက်နေပြီလား ကျွန်တော် အတွေးလွန်နေလို့ ကိုယ့်အိမ် ကိုယ်ရောက်နေမှန်းတောင် မေ့နေတာ ဟီး.... "
သွားညီညီတန်းကလေး ပေါ်သည်အထိ ပြုံးရင်းပြောလာသော ရှေးဝသုန်၏ မျက်နှာကြည်စင်စင်လေးကို ကြည့်ပြီး ဘုန်းရှိန်ဝါသည် ကားထိုင်ခုံခါးပတ်ကို ဆွဲဖြုတ်ကာ ပါးပြည့်ပြည့်လေးအပေါ် ဖွဖွနမ်းလိုက်သည်။