.. ၂၀၀ ..
27.5K 903 16
《Zawgyi》
ဒါက book2ပါနော်♡
အပိုင်း၂ဝဝက စပါတယ်...
အကယ်၍အပိုင်း၁က စဖတ်ချင်ရင် အိုင့်accထဲမှာ book1ရှိပါတယ်
*********
အပိုင်း - ၂၀၀
[အကြင်နာမဲ့တဲ့ဟာလေး - ၂]
ခြေနှစ်လှမ်းလောက်အကွာမှာ လိုက်လာတဲ့ ကျွမ်ကျူးခမျာမှာတော့ ထိုစကားကြောင့် နှလုံးသားတည့်တည့်ကို မြှားစိုက်ခံရသည်နှယ် နာကျင်သွားရသည်။
"မရီး...."
ကျေးဇူးပြုပြီး ပိုဆိုးအောင် မလုပ်ပါနဲ့လားဗျာ?
ချင်းစုယွဲ့က နောက်လှည့်ကာ ပျင်းတိပျင်းရွဲကြည့်လာ၏။
"ဟမ်?"
ဘေးမှာရပ်နေတဲ့ အမျိုးသမီးက ကျွမ်ကျူးခေါ်လိုက်တဲ့ နာမ်စားကြောင့် အံ့ဩသွားပုံဖြင့် ချင်းစုယွဲ့ထံကြည့်နေတဲ့ အမူအယာက ပြောင်းသွားသည်။
"မရီးကိုး! တိုက်ဆိုင်လိုက်တာ"
"အဟက် ... ဘယ်သူ့ကို မရီးလို့လာခေါ်နေတာလဲ?"
ချင်းစုယွဲ့က ကျွမ်ကျူးကိုကြည့်သည်။
"ကျွမ်ကျူး... လူတွေ ကျွန်မကို ခေါ်ချင်တိုင်း ခေါ်လို့ရအောင် လျှောက်ပြောမနေနဲ့လေ ... ကျွန်မက သူစိမ်းတွေလာခေါ်ရင် ကြိုက်တာမဟုတ်ဘူး"
အဲဒီနောက်တော့ အမျိုးသမီးအား မသိကျိုးကျွံပြုကာ ကျုံချင်းဘက်သို့လှည့်သည်။
"သွားကြမလား?"
"သွားမယ်လေ... ဒီမှာဘာကိစ္စ နေနေရမှာလဲ?"
ကျုံချင်းက ချင်းစုယွဲ့လက်မောင်းကိုဆွဲကာ နှစ်ယောက်သား ပြုံးလျက် ထွက်သွားကြ၏။
ကျွမ်ကျူးဟာ ကျုံချင်း ထွက်သွားတဲ့ပုံရိပ်လေးကိုကြည့်ကာ နောက်ကလိုက်မလို့ပြင်နေစဉ်မှာ နံဘေးရှိအမျိုးသမီးက တားဆီးလာ၏။ သူမရဲ့ပြင်းထန်စူးရှတဲ့ ရေမွှေးနံ့ကြောင့် ကွမ်ကျူးက အာရုံနောက်သွားသည်။
"ဘေဘီ ... အဲဒီမိန်းမက တကယ်ပဲ ရှင့်မရီးလား? ဘာလို့ သူ့စကားတွေက ထေ့ငေါ့နေရတာလဲ? သူစောနက ကျွန်မကိုပြောသွားတာ ကြားလိုက်လား?! ကျွန်မ......"
"ပါးစပ်ပိတ်စမ်း! ငါ့ဘေးကထွက်သွားတော့!"
"ဘေဘီ .. တို့က...."
"ထွက်သွား"
ချင်းစုယွဲ့နဲ့ကျုံချင်းတို့က နီးနီးလေးမှာပဲ ရှိသေးသဖြင့် သူတို့ပြောနေတာကို ကြားလိုက်ရသည်သာ။