《Zawgyi》
အပိုင်း - ၂၈၁
သူစိမ်းတွေထက်မပို - ၃ဆုဟယ်ဟာ နှလုံးသားရေးရာမှာ ရှုံးနိမ့်ခဲ့ပေမယ့် အခြားသောကိစ္စရပ်တွေမှာ ထူးချွန်အောင်လုပ်သည်။
သူမကိုယ်သူမ အလုပ်ထဲမှာပဲ နှစ်မြုပ်ထားသည်။ ကော်ဖီတစ်ခွက်ပဲသောက်ပြီး နှစ်ဆယ့်လေးနာရီလုံး မရပ်မနား အလုပ်လုပ်နိုင်သည်။
ဆေးရုံကဒါရိုက်တာတွေဆို သူမကို ချီးကျူးကြကာ လုပ်ဖော်ကိုင်ဖက်တွေကလည်း လေးလေးစားစား ဆက်ဆံကြ၏။
ဒါပေမယ့် သူမ မတတ်နိုင်တဲ့ ကိစ္စတွေလည်းရှိပါ၏။ ဥပမာ ချန်းမိသားစုရဲ့ မြေးချွေးမဖြစ်တဲ့ ချင်းစုယွဲ့။
ချင်းစုယွဲ့ ဒီဆေးရုံ မပြောင်းလာခင်ကတည်းက အခြားသော ဆရာဝန်တွေအများကြီးနဲ့ ကုခဲ့ဖူးသည်။ ချန်းအိမ်တော်ရဲ့ အာဏာနဲ့ အဆက်အသွယ်တွေသုံးတာတောင် ရောဂါမရှာနိုင်ခဲ့တာ ဘယ်ဆရာဝန်က တာဝန်ယူကုပေးရဲမှာလဲ။ တစ်ချက်လေးမှားသွားတာနဲ့ တစ်ဘဝလုံး ပေးဆပ်ရမှာ မနည်းမနောပဲလေ။
ထိုဗြဟ္မာဦးခေါင်းကြီးက ဆုဟယ်ထံ ရောက်လာလေတော့တာပဲဖြစ်၏။
အဲ့တုန်းက ဆေးရုံရဲ့ဒါရိုက်တာချုပ်က သူမကို ကိုယ်တိုင် သူ့ရုံးခန်းထဲဖိတ်ပြီး သူမရဲ့ပညာနဲ့စွမ်းရည်ကို လေးစားကြောင်း တလေးတစားပြောခဲ့တာကို မှတ်မိသေးသည်။
အလကားရတာ ဘာမှမရှိပေ။
အခုတလော လူတိုင်းအတင်းတုပ်နေကြတဲ့ တစ်ခုတည်းသော အကြောင်းအရာမှာ ချန်းအိမ်တော်အကြောင်းပင်။
ဆုဟယ်က ကွေ့ဝိုက်မပြောချင်ပေ။ ဒါရိုက်တာချုပ်က ပြောဖို့အားယူနေပုံဖြင့် ရေတစ်ငုံသောက်တော့ သူမက မေးလိုက်သည်။
"ဒါရိုက်တာချုပ်ရှင့် ... ကျွန်မကို ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ် ... နောက်နာရီဝက်နေရင် ကျွန်မလူနာနဲ့ ချိန်းထားတာလေးရှိလို့ပါ"ဒါရိုက်တာချုပ်ကပြုံးသည်။
"ဒီလိုပါ ဒေါက်တာဆု ... ဒီနေ့နေ့လည် ဆေးရုံကို VIPလူနာ ရောက်လာလိမ့်မယ် ... လူနာက ချင်းအိမ်တော်ရဲ့သမီးဖြစ်သလို ချန်းစီနျန်ရဲ့အမျိုးသမီးဆိုလည်းဟုတ်တယ် ... ရောဂါက တော်တော်လေးကို ထူးခြားတယ် ... အိမ်တော်နှစ်ခုစလုံးက နှယ်နှယ်ရရတွေမဟုတ်သလို သူတို့အားလုံးကလည်း.."
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...