《Zawgyi》
အပိုင်း - ၂၈၄
မိန်းမတစ်ယောက်ကိုတောင် မဖြေရှင်းနိုင်ဘူး - ၃နောက်စကားနှစ်ခွန်းက ထိရောက်သည်။
သူမရဲ့ စိတ်ကုန်နေတဲ့အမူအယာကိုမြင်တော့ ချင်းကွမ်းချန်က နှစ်ကြိမ်စဉ်းစားပြီးနောက် ဖယ်ပေးလိုက်တာ ပိုကောင်းသည်ဟု တွေးလိုက်သည်။
ရက်အနည်းငယ်အကြာမှာ ချင်းစုယွဲ့က ဆေးရုံဆင်းရပြီဖြစ်သည်။ ဒါရိုက်တာချုပ်ကိုယ်တိုင် လိုက်နှုတ်ဆက်ကာ ဆုဟယ်ကိုလည်း လိုက်ခိုင်း၏။
ဆုဟယ်အတွက်တော့ ချင်းစုယွဲ့က အပင်ပန်းရဆုံးသောလူနာဖြစ်သည်။ ရောဂါရာဇဝင်ကိုလည်းမသိရ၊ ဘယ်လိုရှေ့ဆက်ကုမရလဲမသိရပေမယ့် ချင်းစုယွဲ့ကတော့ အံ့အားသင့်ဖွယ် နိုးထလာခဲ့ချေ၏။
အကြောင်းမသိတဲ့ ဆေးရုံကလူတွေကတော့ ဆုဟယ်ရဲ့ဆေးပညာကို အထင်ကြီးလေးစားကြသည်။
ထိုအချိန်က သူမက လက်ပိုက်ကာ မျက်ဆန်လည်ပြလိုက်သည်။
"ဘာအထင်ကြီးလောက်စရာ ဆေးပညာလဲ"
အဲ့ဆေးပညာကြီးကို ထုတ်တောင်မပြလိုက်ရဘူးဟဲ့။ဆုဟယ်က ထိုကိစ္စကြောင့် ရက်အနည်းငယ် စိတ်ဓါတ်ကျနေခဲ့သည်။ နေ့တိုင်း ကိုယ့်ပညာကိုယ် သံသယဖြစ်နေကာ စာပိုလေ့လာဖို့ အစီအစဉ်ချလိုက်သည်။
ချင်းစုယွဲ့ ဆေးရုံဆင်းတဲ့ညမှာ ဆုဟယ်ကို ပါတီဖိတ်ခဲ့သည်။ နေ့လည်ပိုင်းတုန်းကတော့ ခွဲစိတ်မှုပြီးတာနဲ့ ညဘက်အချိန်ပိုမရှိသဖြင့် ထိုပါတီကို သွားဖို့စီစဉ်ထားသည်မှာ ခွဲခန်းထဲကထွက်တော့ စင်္ကြန်၌ရပ်စောင့်နေသည့် ချင်းကွမ်းချန်ကို တွေ့လိုက်ရချိန်ထိပဲဖြစ်သည်။
"ကိုယ်မင်းကိုစောင့်နေတာ နာရီဝက်ရှိပြီ ... မင်းပြီးပြီလား"
ဒီစိတ်မရှည်တဲ့ လေသံကြီးက..
ပင်ပန်းနေတဲ့ ဆုဟယ်ကလည်း စိတ်ပျက်တဲ့လေသံနှင့် ပြန်ပြောလိုက်သည်။
"ဒုက္ခပေးရလို့ အားနာပါတယ်နော် ... မပြီးသေးဘူး""ဘယ်လောက်ကြာမှာလဲ"
"မသိဘူး"
ဆုဟယ်က ဒေါသတွေကို မြိုချလိုက်သည်။ နေ့လည်က ခွဲစိတ်မှုက တော်တော်လေးခက်ကာ အတွေ့အကြုံမရှိတဲ့ သူနာပြုအချို့ကလည်း စိတ်အနှောင့်အယှက်ပေးသေးသည်။ ကံကောင်းစွာနဲ့ လူနာကို အချိန်မှီကယ်တင်နိုင်ကာ အခုတော့ အဆင်ပြေသွားပြီဖြစ်သည်။
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...