.. ၂၄၃ ..
5.4K 684 29
《Zawgyi》
အပိုင်း - ၂၄၃
[နှစ်ဆယ်ကျော်ပဲ ရှိသေးပေမယ့် အသက်တွေအများကြီး ဖြတ်သန်းခဲ့ရသလိုပင် - ၁]
ငလျင်ဒဏ်သင့်ဒေသကို ချင်းစုယွဲ့သွားခဲ့ချိန်မှာ ဘာတွေတွေးခဲ့ပါသနည်း။ သူမကိုယ်သူမတောင် မသိနိုင်တာလည်း ဖြစ်နိုင်ပါ၏။ ထိုစဉ်က လုပ်ဖော်ကိုင်ဖက်တွေအကုန် တွန့်ဆုတ်နေကြချိန် သူမက မထင်မှတ်ပဲ ထပြောလိုက်သည်။
"ကျွန်မသွားမယ်"
ထိုအခါ တခြားသော လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြည့်တွေက ပြောင်းလဲသွားသည်ကို သူမ ခံစားမိပါသည်။
ချင်းစုယွဲ့က ထိုအကြည့်နက်နက်တွေကို အဓိပ္ပါယ်ဖတ်ဖို့ မကြိုးစားပေ။ အဖွဲ့ခေါင်းဆောင် ပြောတာကိုတော့ သိလိုက်သည်။
"ဒီခရီးကဘာလဲဆိုတာရော သိရဲ့လား"
သူမက ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။
"သိပါတယ်"
အန္တရာယ်အရမ်းများကာ အသက်ကိုပင် ခြိမ်းခြောက်နိုင်တဲ့ ခရီးတစ်ခုဖြစ်သည်။
ဒါပေမယ့် သူမကတော့ သွားချင်သည်။
ဘာကြောင့်မှန်းမသိပဲကို သွားချင်နေမိသလိုပင်။
ခရီးအတွက် အထုပ်အပိုးပြင်နေတဲ့ ချင်းစုယွဲ့ဟာ ရုတ်တရက် အိပ်ရာထက်ရှိခေါင်းအုံးဘေးမှ စာအုပ်ကိုမြင်ပြီး လှုပ်ရှားမှုတွေ ရပ်တန့်သွား၏။
မလှုပ်မရှားပဲ အချိန်အတော်ကြာ စာအုပ်ကိုပဲ ကြည့်နေမိသည်။ ထို့နောက်မှာတော့ ချင်းစုယွဲ့ဟာ ပြတ်သားစွာဖြင့် စာအုပ်ကို ခရီးဆောင်အိတ်ထဲ ထည့်လိုက်တော့လေသည်။
ထိုစာအုပ်နဲ့သာ အတူရှိနေလျှင် သူမကို ပိုအားတက်စေမိသလိုပင်။
မသွားခင် ချန်းကျွင်ရှင်းကို စာတစ်စောင် ပို့ချင်လိုက်မိသေးသည်။ ဒါပေမယ့် သူ့ကို မလိုအပ်ပဲ အစိုးရိမ်မလွန်စေချင်ပေ။
သူကတော့ အပူအပင်ကင်းတဲ့ဘဝမှာ နေတာပဲ ပိုကောင်းပါသည်။
ဒါပေမယ့် မထင်ထားစွာပဲ ငလျင်ဒဏ်သင့်ဒေသရဲ့ အခြေအနေက သူမ ထင်ထားတာထက် ပိုဆိုးနေခဲ့သည်။ အခြေအနေကို မြန်မြန်ရိုက်ကူးပြီးတာနှင့် ကယ်ဆယ်ရေးနေရာသို့ ပြေးလိုက်သည်။