.. ၂၅၆ ..
4.9K 588 39
《Zawgyi》
အပိုင်း - ၂၅၆
[တစ်ဘဝလုံးစာအချစ် - ၃]
ချန်းစီနျန် အစည်းအဝေးလုပ်နေတုန်း ရုတ်တရက် လူတစ်ယောက်က တံခါးဖွင့်ဝင်လာသည်။ သူက ဘာကိစ္စကြောင့် အစည်းအဝေးလုပ်နေတာကို အနှောင့်အယှက်ပေးရဲရတာလဲဟု မေးဖို့ပြင်နေစဉ်မှာပဲ သူ့အတွင်းရေးမှူးက ခါးကိုညွှတ်ကာ တောင်းပန်လာသည်။
"ဆရာကတော်က အမြန်တွေ့ချင်တယ်ဆိုလို့ ကျွန်မ မစောင့်ခိုင်းရဲလို့ပါ"
ချင်းစုယွဲ့က တကယ်ပဲ အတွင်းရေးမှူးရဲ့နောက်မှာ ရပ်နေတာမြင်တော့ သူက ချက်ချင်းလှည့်မေးသည်။
"ဘာလို့ ဒီကိုရောက်လာတာလဲ"
"ကျွန်မရှင့်ကို အရေးကြီးကိစ္စတစ်ခု လုပ်ခိုင်းမလို့ အချိန်နည်းနည်းပေးပါလား"
ချန်းစီနျန်က ခေါင်းညိတ်ကာ ကျန်တဲ့သူတွေကို အစည်းအဝေး ဆက်လုပ်စေသည်။ ထို့နောက် သူမလက်ကိုဆွဲပြီး သူ့ရုံးခန်းကိုခေါ်လာ၏။
တံခါးပိတ်ပြီးတာနဲ့ ချန်းစီနျန်ရဲ့ အမူအယာမဲ့နေတဲ့မျက်နှာထားက ကွာကျသွားပြီးလျှင် အပြုံးတစ်ခုနဲ့မေးလာသည်။
"ဟန်နီ ဘာလို့ဒီကိုရောက်လာတာလဲ"
"ကျွန်မသာမလာရင် ဒီညရှင့်ကို ဆေးရုံမှာတွေ့ရမလား စိုးရိမ်လို့ပေါ့ရှင်"
ချန်းစီနျန်က သဘောပေါက်သွားသည်။ စောနက လက်ထောက်ဝမ် သူမကို ဖုန်းဆက်လိုက်တာပဲဖြစ်မည်။
"ကိုယ်နေကောင်းပါတယ် ဟန်နီရဲ့ ... လက်ထောက်ဝမ်ပြောတာကို မယုံနဲ့ ... သူက ဘာမှမဟုတ်တာကို တွေးပူနေတာ"
ချင်းစုယွဲ့က ခြေဖျားထောက်ပြီး သူ့နဖူးကိုထိလိုက်သည်။
"ရှင်နေကောင်းလား မကောင်းလားဆိုတာ ကျွန်မဘာသာပဲဆုံးဖြတ်မှာ ... အခု လိမ်လိမ်မာမာနဲ့ ခုံပေါ်မှာထိုင်လိုက်နော်"
ချန်းစီနျန်က ဆွံ့အသွားသည်။
ဒါ ချင်းစုယွဲ့က သားကိုချော့ပြောတဲ့လေသံ မဟုတ်ဘူးလား
ချင်းစုယွဲ့က အကုန်ပြင်ဆင်ပြီးမှ လာခဲ့တာမလို့ အပူချိန်အရင်တိုင်းလိုက်သည်။ 38.7°C
ချင်းစုယွဲ့က နံပါတ်ကိုမြင်တာနဲ့ စိတ်ပူတဲ့လေသံဖြစ်သွား၏။
"ဒီလောက်အဖျားကြီးနေတာတောင် နေကောင်းတယ် လုပ်နေသေးတာလား ... အရင်ဆုံး ဆေးသောက်လိုက်"