.. ၂၂၄ ..
5.4K 692 32
《Zawgyi》
အပိုင်း - ၂၂၄
[ချင်းစုယွဲ့က မော့ကြည့်လိုက်တော့ ချန်းကျွင်ရှင်းရဲ့ မျက်နှာချောချောကို မြင်လိုက်ရသည် - ၂]
"အခု နားနေခန်းထဲမှာ လူတွေအများကြီးရှိတယ် ဒီနားမှာပဲ ရပ်နေချင်လို့လား"
"အော် ဟုတ်သားပဲ ... မင်းအလုပ်များနေမှာပေါ့ ... ရီဟာဇယ်ပြီးရင် ကိုယ်လာတွေ့မယ်"
"ကျေးဇူးတင်ပေမယ့် မလိုပါဘူး ... ကျွန်မတို့က ဒီတိုင်းဆုံတာပဲလေ ... ဒါပြီးရင် ကျွန်မလည်း လုပ်စရာတွေရှိသေးတယ်"
ချန်းကျွင်ရှင်းက သူမ  ငြင်းလိုက်လိမ့်မယ်လို့ မထင်ထားပေ။
"အိုခေ ဒါဆို မင်းအချိန်ရမယ့် နောက်တစ်ခေါက်ပေါ့"
သူ ဘာတွေ အစီအစဉ်ချနေလဲတော့ မသိပေမယ့် ဒါက ချင်းစုယွဲ့ကို နေမထိထိုင်မသာ ဖြစ်စေသဖြင့် နားနေခန်းထဲသို့သာ ပြန်ဝင်လာလိုက်သည်။ ထိုအချိန်မှာပဲ သူ့ကို တစ်ယောက်ယောက်က နှုတ်ဆက်လိုက်သံကို ကြားရလေသည်။
"မစ္စတာချန်းကို ဒီနေရာမှာတွေ့ရတာ ဝမ်းသာလိုက်တာ .... ရုံးခန်းထဲမှာ လဘက်ရည်လေး လိုက်သောက်ပါဦးလား"
သူမက တွေးမိလိုက်သည်။ ဒီနေရာမှာရှိတဲ့လူတွေအားလုံးက ချမ်းသာပြီး ဩဇာအာဏာရှိတဲ့သူတွေချည်းပဲ ... ချန်းကျွင်ရှင်းက သူတို့နဲ့ရင်းနှီးတာလား?
ဒီတိုင်း ဖျတ်ခနဲ သိချင်မိသွားခြင်းပင်။
ချန်းကျွင်ရှင်းက သူ့အတန်းဖော်ဟောင်းကို ဒီဇိုင်းမူကြမ်းပေးလိုက်တော့ အတန်းဖော်ဟောင်းက အံ့ဩစွာကြည့်လာ၏။
"တစ်ကိုယ်တော်ဖျော်ဖြေဖို့ ရွေးချယ်ထားတဲ့ အကသမားကို ဘယ်လိုရွေးတာလဲ"
"ဒိုင်လူကြီးတွေနဲ့ ပရိသတ်တွေ ရွေးတာလေ ... ဒီအဆင့်ထိရောက်ဖို့က တော်တော်လေး အရည်အချင်းမှီမှဖြစ်တာ"
ချန်းကျွင်ရှင်းက တိတ်ဆိတ်နေတော့ သူ့အတန်းဖော်ဟောင်းကပဲ ဆက်မေး၏။
"ဘာလို့လဲ မင်း အဲ့အလှလေးကို သိလို့လား"
"မသိဘူး"
"မသိဘူး? မသိပဲနဲ့ ဘာလို့ သူ့နောက်က ပြေးလိုက်သွားရတာလဲ?"