《Zawgyi》
အပိုင်း - ၂၉၉
ကမောက်ကမ ညစာ - ၁မော့ပေက ဒီအသက်မပြည့်တဲ့ မိန်းကလေးကို ဘယ်လိုမှ မခံစားရပေ။
ဒါပေမယ့် မကြိုက်တာတော့လည်း မဟုတ်။
သူမက ဖြူစင်ပြီး အပြစ်ကင်းကာ မျက်နှာမှာ ခံစားချက်တွေ အကုန်ပေါ်သည်။
အခုလို သူမကို 'အသက်မပြည့်ဘူး'လို့ပြောလို့ အမဲသားစတိတ်ခ် စိတ်ဆိုးမာန်ဆိုးဖြင့် စားနေသလိုဖြစ်၏။
သူမက တမင် အသံထွက်အောင် လုပ်နေမှန်းသိသဖြင့် သူကလည်း တမင်ပြောလိုက်သည်။
"ဒီကိုမလာခင်တုန်းက ကိုယ့်အဘွားက လိမ္မာယဉ်ကျေးတဲ့ ကောင်မလေးလှလှလေးနဲ့ သွားတွေ့ရမယ်လို့ ပြောလိုက်တာပါ ဒါပေမယ့် အခုကျ.."သူမက ခေါင်းမော့ကာ စိုးရိမ်တကြီး မေးလိုက်သည်။
"သူများက မလှလို့လားဟင်"မော့ပေက သူမရဲ့ ဝိုင်းစက်ရွှန်းစိုနေတဲ့ မျက်လုံးတွေနှင့် အကြည့်ချင်းဆုံသွားသည်။ သူမက အပြစ်ကင်းစင်ကာ စကားမပြောရင် ချိုမြိန်ပြီးနူးညံ့မယ့်ပုံပေါ်သည်။
မော့ပေက ရိုးရိုးသားသားပဲ ပြန်ဖြေလိုက်သည်။
"မင်းက လှပါတယ်"နန်ဝေ့ချန်က သူမကို ချီးကျူးလိုက်တော့ ဂုဏ်ယူစွာပြုံးလိုက်သည်။
"သိသားပဲ ... သူများက အရမ်းလှနေတော့ လူကြီး ကြိုက်သွားပြီမလား""ဖွီး"
မော့ပေက သူ့ကိုယ်သူ အရမ်းအိုနေသလို ခံစားရသည်။ ဒီကောင်မလေး ငယ်ငယ်လေးရဲ့ အတွေးတွေကို သူဘာလို့များ လိုက်မမှီနိုင်ရတာလဲ။
အိမ်ပြန်လမ်းမှာတော့ သူက သူမဖုန်းနံပါတ်ကို တောင်းလိုက်သည်။
တကယ်တော့ သူ့မိသားစုကို ပြန်အစီရင်ခံဖို့ တောင်းလိုက်တာပင်။
သူမကလည်း တုံးအမနေပေ။
"လူကြီးဖုန်းနံပါတ်ကရော"မော့ပေက သူ့ဖုန်းနံပါတ်ကို မပေးချင်သဖြင့် သူမကိုကြည့်နေလိုက်သည်။
CZYTASZ
RomansI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...