《Zawgyi》
အပိုင်း - ၂၁၁
[ကလေးကိုနာမည်ပေးလေ - ၂]"ချင်းစုယွဲ့နဲ့ သူ့အမေကြောင့်သာ မဟုတ်ရင် ငါ့အမေလည်း အိပ်ဆေးသောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမှာမဟုတ်ဘူး! ချန်းစီနျန် ငါကမိဘတွေရဲ့အချစ်ကို မခံခဲ့ရဘူး သူများတွေလို ပျောစရာမိသားစုဘဝဆိုတာလည်း မရှိခဲ့ဖူးဘူး ချင်းစုယွဲ့က အားလုံးကိုဖျက်ဆီးပစ်ခဲ့တာ"
ချန်းစီနျန်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့သည်။
"ချန်းစီနျန်! ငါ့စကားထဲမှာ ဘာလှောင်စရာပါလဲ?"
"မင်းကမှ မင်းရဲ့အကျင့်ဆိုးကို တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ တရားခံရှာနေတာလေ ... ကိုယ့်ဘဝက ပျော်စရာမကောင်းတိုင်း သူများအပေါ် သွားပုံချနေတာ .... မင်းပြောတော့ သူကမင်းပိုင်တာတွေကို ဖျက်ဆီးပစ်လိုက်တယ်ဆို ... တကယ်က မင်းတို့သားအမိကမှ သူများပိုင်တာကို အရင်သွားလုတာမလား?"
ချန်းစီနျန်က သတိပေးလေ၏။
"မင်းနဲ့မင်းအမေက သူများမိသားစုပျော်နေတာကို သွားဖျက်ဆီးတာ ... မင်းလိုလူအတွက်က ငရဲနဲ့ပိုသင့်တော်တယ်"
ချန်းစီနျန်က ပြောပြီး ထရပ်လိုက်သည်။အနာကိုဆားနဲ့သိပ်ခံရတော့ ရှီရှီက စူးစူးဝါးဝါး အော်လေတော့သည်။
"မဟုတ်ဘူး! မဟုတ်ဘူး! ငါ့အဖေနဲ့ငါ့အမေကမှ အချစ်စစ်နဲ့ချစ်တာ! ချင်းစုယွဲ့ရဲ့အမေက ဝင်ဖျက်တာ!"ချန်းစီနျန်က ဒီရယ်စရာခေါင်းစဉ်ကို ဆက်မဆွေးနွေးချင်တော့ပေ။ ရှီရှီပြောတာမှန်မမှန်က သူမကိုယ်သူမပဲ အသိဆုံး ဖြစ်ပေလိမ့်မည်။
သူထွက်သွားတော့မှာကိုတွေ့တော့ ရှီရှီက အလောတကြီး အော်လိုက်သည်။
"ချန်းစီနျန်! ချင်းစုယွဲ့က ကြာကြာအသက်ရှင်မှာမဟုတ်ဘူး! နင့်ကလေးအသက်ရှင်ရင် ချင်းစုယွဲ့ကသေရမှာ .... ချန်းစီနျန် နင့်ကလေးကိုနင်သတ်လိုက် ဒါဆို ချင်းစုယွဲ့အသက်ရှင်နိုင်ပြီ!"ချန်းစီနျန်က နှာခေါင်းရှုံ့လိုက်ရင်း ရှီရှီကိုပြန်လှည့်မကြည့်နေတော့ပေ။ ကမ္ဘာပေါ်က ဘယ်သူကများ ဒီလိုအဓိပ္ပါယ်မရှိတာတွေကို ယုံမှာလဲ?
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...