《Zawgyi》
အပိုင်း - ၂၆၉
ယဉ်လျိုယွဲ့ကြိုက်နေတာကို သိတယ် - ၂ချန်းကျွင်ရှင်းအတွက်တော့ ကြင်ဖက်တွေ့တယ်ဆိုတာ စိတ်ကူးယဉ်ပုံပြင်ပင်။ လက်တွေ့မဆန်ပေ။ တစ်ယောက်အကြောင်းတစ်ယောက်မသိတဲ့ လူနှစ်ယောက်ဟာ တစ်ခါလေးတွေ့လိုက်တာနဲ့ စိတ်ဝင်စားသွားတယ်ဆိုတာ သူ့အတွက်တော့ ဟာသကြီးပင်။
သူက လေးလေးနက်နက် မေးလိုက်တာပေမယ့် ယဉ်လျိုယွဲ့က မေးခွန်းကို ထူးထူးဆန်းဆန်း ထင်သွားသည်။
"ဘာလို့လဲဆိုတော့ ကျွန်မမှာက ကောင်လေးမရှိဘူးလေ ... မိသားစုကလည်း ကျွန်မ လက်မထပ်မချင်း စိုးရိမ်နေတာ ... ကျွန်မသာကြင်ဖက်မတွေ့ရင် သတို့သားကို ဘယ်လိုရှာရမလဲ"ချန်းကျွင်ရှင်းက လက်ခံလိုက်ဟန်ဖြင့် ခေါင်းညိတ်ကာ သူမအတွက် ရေခဲရေထည့်ပေးသည်။
"ဒါပေမယ့် မင်းတွေ့တဲ့လူတွေက ကောင်းမယ့်ပုံမပေါ်ဘူး"ယဉ်လျိုယွဲ့က ကြေကွဲသွားတော့သည်။
"ရပါတယ် ... နောက်ကျ ကျွန်မသဘောကျတဲ့သူ တွေ့မှာပါ"ချန်းကျွင်ရှင်းက ညင်သာစွာပြုံးသည်။
"အင်း မင်းက တော်တော်အကောင်းမြင်တတ်တာပဲ"ယဉ်လျိုယွဲ့က ခေါင်းမော့ပြီး သူ့ကိုကြည့်ကာ အတွေးနစ်နေ၏။ ထို့နောက် ဘာမှမပြောဘဲ တိတ်ဆိတ်စွာ အစားကိုသာငုံ့စားနေသည်။
သူဘာလို့ ဒီမှာလာထိုင်ပြီး သူမနဲ့ အတူလာစားလဲဆိုတာ နားမလည်ပေ။
သူမအကြောင်း ဘာလို့ မမေးတာလဲဆိုတာကိုလည်း နားမလည်ပေ။ အိုးရန်နဲ့သူမ ပြောနေတာတွေကို သူသေချာကြားလိုက်တယ် မဟုတ်ဘူးလား။ ငါသူ့ကိုကြိုက်တယ်ဆိုတာ သူသိရဲ့သားနဲ့ ဘာလို့မမေးရတာလဲ။
ယဉ်လျိုယွဲ့က စိတ်နဲ့လူနဲ့မကပ်ဘဲ အရသာမဲ့စွာ စားပြီးသွားတော့ ပိုက်ဆံရှင်းချင်ပေမယ့် ဝိတ်တာက အားလုံးရှင်းပြီးပြီဖြစ်ကြောင်း ပြောလာသည်။ သူမက ချန်းကျွင်ရှင်းကို လှမ်းကြည့်လိုက်တော့ သူက ပြန်ကြည့်လာသည်။
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...