《Zawgyi》
အပိုင်း - ၂၄၉
[ချန်းကျွင်ရှင်းဆိုတာ ဘယ်သူလဲ - ၁]"ချန်းကျွင်ရှင်း?"
ချန်းစီနျန်က ပေစောင်းစောင်းကြည့်လာသည်။"အင်း ချန်းကျွင်ရှင်း"
သူ့ မသိစိတ်က အလိုလိုသိနေသည်။ ချန်းကျွင်ရှင်းဆိုတာ နှယ်နှယ်ရရလူ မဖြစ်နိုင်။ ပြီးတော့ ချန်းဆိုတဲ့ မျိုးရိုးနာမည်ကလည်း သူနဲ့တူနေသေးသည်။"အင်း ... ကျွန်မ အမှန်အတိုင်းပဲ ပြောပြမှာမို့ စိတ်မဆိုးရဘူးနော်"
ချင်းစုယွဲ့က ကမန်းကတန်းဖြင့် သူ့ကိုအရင်ဆုံး သတိပေးရသေးသည်။ချန်းစီနျန်က သူမကို စိုက်ကြည့်နေသည်။ သူမရဲ့စိတ်ထဲမှာ သူက သဝန်တိုတတ်တဲ့ကောင်လား။
"ကိုယ်က လွယ်လွယ်လေးနဲ့ စိတ်ဆိုးတတ်တဲ့သူလို့ ထင်တာလား"
မျက်ဝန်းတွေကို လခြမ်းသဏ္ဍာန် ကွေးတက်သွားသည်အထိ ချင်းစုယွဲ့က ပြုံးသည်။
"မဟုတ်ပါဘူး""အဲ့တာဆို ချန်းကျွင်ရှင်းဆိုတာ ဘယ်သူလဲ"
"သူက ရှင်နဲ့ရုပ်ချင်းအရမ်းတူတယ် ... ပိုအံ့ဩဖို့ကောင်းတာက ရှင်ရထားတဲ့ဘွဲ့နဲ့လည်း အတူတူပဲ ... တစ်ခုပဲ သူက အဲ့ဘွဲ့နဲ့ပဲ အလုပ်လုပ်ပေမယ့် ရှင်ကတော့ မလုပ်ဘူး"
"အဲ့တော့"
ချန်းစီနျန်က ပေါ့ပေါ့ပါးပါးပဲဖြစ်သည်။"သူနဲ့ရှီရှီက အိမ်နီးနားချင်းတွေ ပြီးတော့ ရှီရှီက သူ့အကြောင်းကိုသိတယ် ... ရှီရှီက စာအုပ်တွေအကုန်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ချန်ကျွင်ရှင်းအတွက် တစ်အုပ်လေးပဲ ချန်ထားခဲ့တာ ... ကျွန်မက ဒီအကြောင်းကို နှစ်တော်တော်ကြာမှ သိလိုက်ရပြီး စာအုပ်ကိုဖတ်ပြီးမှ ရှင် ကျွန်မကို စောင့်နေတယ်ဆိုတာ သိလိုက်ရတယ် ... အဲ့ကနေစလို့ ရှင်နဲ့ပြန်တွေ့ခွင့်ရဖို့ ကျွန်မ အသည်းအအသန် ကြိုးစားတော့တာပဲ"
ထိုစကားကိုကြားတော့ ချန်းစီနျန်က အကြာကြီး အတွေးထဲနစ်နေပြီးမှ မေးလာသည်။
"ဘယ်လိုပြန်လာခဲ့တာလဲ""အဲဒီတုန်းက ကျွန်မက မဂ္ဂဇင်းတိုက်တစ်ခုမှာ သတင်းထောက်လုပ်နေတာလေ ... ပြည်နယ်တစ်ခုမှာ ငလျင်ဘေးဖြစ်ရော ဘယ်သူမှ မသွားချင်ကြဘူး ... အဲ့တာနဲ့ ကျွန်မကပဲ စေတနာ့ဝန်ထမ်းအနေနဲ့ သွားလိုက်တာ"
DU LIEST GERADE
RomantikI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...