《Zawgyi》
အပိုင်း - ၂၆၆
[အချိန်က မှော်ဆန်တယ် - ၁]ချန်းကျွင်ရှင်းက သီးသန့်ခန်းထဲမှထွက်လာပြီး သူ့ကုတ်အင်္ကျီအိပ်ကပ်ထဲမှ စီးကရက်ကို ထုတ်ယူလိုက်သည်။ သူ့လက်ချောင်းသွယ်သွယ်တွေထဲမှာ စီးကရက်ကို ဆော့ကစားနေရင်း ဓါတ်လှေကားထံ ဦးတည်လိုက်သည်။
ထင်ထားတဲ့အတိုင်းပင်။ ဒီကျောင်းသားဟောင်းတွေ့ဆုံပွဲက ပျင်းဖို့ကောင်းလှသည်။ သူတွေးထားတာထက်တောင် ပိုပျင်းဖို့ကောင်းသေး၏။
အထက်တန်း ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ သူက လူတော်တော်များများ၏ နာမည်တွေကို မမှတ်မိတော့ပေ။ အခန်းထဲရောက်သွားပြီးတော့ သူ့မှာ တကယ်ကို ပြန်ထွက်ချင်မိသွားသည်။ သို့ပေမယ့်လည်း သူက တော်တော်လေး ထောက်ထားညှာတာစွာဖြင့် ထိုနေရာတွင် နာရီဝက်ကြီးများတောင် နေခဲ့ပေးလေသည်။
လူတစ်ယောက်ရဲ့ဘဝအတွင်းမှာ သူစိမ်းတစ်ယောက်ပဲဖြစ်ဖို့ ကံပါလာတဲ့လူတစ်ချို့လည်း ရှိကြသည်။ ထိုသူတို့မှာ တကယ်ကို ပြန်မလာနိုင်ကြတော့ပေ။
အချိန်က တကယ့်ကို မှော်ဆန်လှပါ၏။
ချန်းကျွင်ရှင်းက ဓါတ်လှေကားထဲက ထွက်လာပြီးနောက်မှာ ရုတ်တရက် သူနဲ့ရင်းနှီးတဲ့သူငယ်ချင်း လျိုယင်းပြောခဲ့ဖူးတာကို မှတ်မိသွားသည်။
"ချန်းကျွင်ရှင်း ... မင်းဒီလိုလုပ်နေတာ ဘယ်တော့ရပ်မှာလဲ ... ငါသာဆို မင်းလိုနေမယ်လို့မထင်နဲ့ ... မင်းပွဲတွေထပ်တက်ရမယ် အဲ့တာမှ သူမကို မေ့ပစ်နိုင်မှာ"သူမ ထွက်သွားခဲ့တဲ့ ထိုနှစ်ကစလို့ သူက ကြေကွဲဝမ်းနည်းခဲ့ရသည်။
လူတစ်ယောက်ဟာ သူ့ဘဝသူ ရှေ့ဆက်လျှောက်ဖို့ လိုအပ်ကြောင်း လျိုယင်းက သူ့ကို ပြောပြချင်ခဲ့သည်။
ချင်းစုယွဲ့က သေဆုံးခဲ့ပြီလေ။ သူမ ပြန်လာဖို့ရာ မဖြစ်နိုင်တော့ပေ။
ကျန်ခဲ့တဲ့သူတွေကတော့ ဘဝကို ရှေ့ဆက်လျှောက်ရပေဦးမည်။
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...