.. ၂၄၀ ..
5.4K 656 29
《Zawgyi》
အပိုင်း - ၂၄၀
[မင်းပြန်နိုးလာမှာကို ကိုယ်စောင့်နေတယ်-၂]
ချင်းစုယွဲ့နိုးလာမှာကို စောင့်ဆိုင်းနေရတဲ့ နေ့ရက်တွေဟာ ချန်းစီနျန်အတွက်တော့ ရာသီအလီလီကဲ့သို့ ကြာညောင်း၏။ ဒါပေမယ့် သူမကတော့ မျက်ဝန်းတွေမှိတ်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုပင်။
ဆရာဝန်တွေ ရောဂါအကြောင်းအရင်း ရှာမရတာက ထိုကမ္ဘာနှင့် ပက်သတ်နေတာကြောင့်လားဆိုတာ သူသိချင်မိသည်။
သူမ ပြန်လာဦးမှာလား။ ဒီကမ္ဘာမှာ တာဝန်ပြီးသွားလို့ သူမရဲ့မူလကမ္ဘာကို ပြန်သွားတာလား။
သူ နက်နက်ရှိုင်းရှိုင်း ချစ်မိသွားတဲ့သူမက သူမရဲ့မူလကမ္ဘာကို ပြန်သွားပြီး ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလား။
ဒါက အမှန်တကယ်ပဲဆိုရင်တောင် သူကဘယ်လိုလုပ် ဒီတိုင်း သူတို့မိသားစုသုံးယောက် တကွဲတပြားနှင့် မပျော်ရွှင်ဖြစ်နေရတာကို ထိုင်ကြည့်နေနိုင်ပါမည်နည်း။
ချန်းစီနျန်က အယုတ်အလတ်အမြတ်မရွေး နာမည်ကြီးဆရာဝန်တွေကို ရှာဖွေသည်။ နှစ်ယောက်သုံးယောက်လောက်က သူတို့ထိုရောဂါကိုမသိကြောင်း ပုခုံးတွန့်ပြကြတော့ သူက နောက်တစ်ကြိမ် စိတ်ပျက်အားလျော့လာမိ၏။
ချင်းကွမ်းချန် ဆေးရုံကို ရောက်လာချိန်မှာတော့ အိပ်ပျော်နေတဲ့ကလေးကို ပွေ့ချီထားရင်းမှ ကုတင်ပေါ်မှာ မလှုပ်မယှက်လှဲနေသည့် ချင်းစုယွဲ့ကိုကြည့်နေတဲ့ ချန်းစီနျန်ကို မြင်လိုက်ရတော့ ဘာလုပ်ရမှန်းမသိတော့ပေ။
ချင်းကွမ်းချန်က ခဏမျှ တိတ်သွားပြီးမှ သတိပေးလိုက်သည်။
"ကလေးက အိပ်သွားပြီ"
ချန်းစီနျန်နှင့် ချင်းစုယွဲ့တို့၏ကလေးက နာမည်မပေးရသေးပေ။
ထိုစဉ်က ချန်းစီနျန်ပြောခဲ့၏။
"ကလေးကိုနာမည်ပေးဖို့ သူ့ကိုကျွန်တော်ပြောထားတာ ... အဲ့တာကြောင့်မလို့ သူ ထွက်သွားမှာမဟုတ်ဘူး ... သေချာပေါက် ပြန်နိုးလာမှာ"
ဒါပေမယ့် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ကာ နှုတ်ဆိတ်သွားကြ၏။ ဤသို့ဖြင့် ကလေးက ဒီနေ့ထိ နာမည်မရှိသေးပေ။