.. ၂၂၁ ..
4.5K 579 1
《Zawgyi》
အပိုင်း - ၂၂၁
[သူ့ကို နောက်တစ်ကြိမ် ပြန်မြင်တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် - ၁]
ထိုအမျိုးသားရဲ့ စိတ်မကြည်လင်မှုအား သရော်သံပေါက်နေသည့် အသံကနေ အရှင်းသား မြင်နိုင်လေသည်။
ချင်းစုယွဲ့က မတ်တပ်ထရပ်လိုက်သည်။
"မစ္စတာချန်း နားလည်မှုလွဲနေတာထင်တယ် ... ကျွန်မဒီကို ရှင်နဲ့တွေ့ဖို့လာတာ မဟုတ်ဘူး"
"ဟုတ်လား ဒါဆိုပြောပါဦး ဘာအကြောင်းနဲ့များ ကျွန်တော့်အိမ်ကို ရောက်လာရတယ်ဆိုတာ"
တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်း စစ်ခင်းနေကြတာမြင်တော့ ဘွားဘွားချန်းက ချက်ချင်း ဝင်ရှင်းပြသည်။
"ကျွင်ရှင်း .... ဘာတွေပြောနေတာလဲ? ချင်းမိန်းကလေးက ဒီနေ့ ကြင်ကြင်နာနာနဲ့ ဘွားကို ဘက်စ်ကားပေါ်မှာ နေရာပေးခဲ့တာ ... ပန်းဆိုင်ကိုတောင် အဖော်လိုက်ပေးသေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းစားဖိတ်ထားတာ ... ဧည့်သည်ကို လန့်အောင်မလုပ်နဲ့"
ချန်းကျွင်ရှင်းက ဘွားရှင်းပြတာကို နားထောင်ရင်း ချင်းစုယွဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။
သူမက သူ့အကြည့်ကို နားလည်၏။ သူနဲ့နီးစပ်အောင် ကြိုးစားနေတဲ့ တခြားသောမိန်းကလေးတွေလို ထင်နေတာဖြစ်သည်။
ချင်းစုယွဲ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က စာအုပ်ရဖို့ပင်။ သူမက ဘွားဘွားချန်းနားသွားကာ လေးလေးစားစား ပြောလိုက်သည်။
"ဘွားဘွား နောက်အခါအခွင့်သင့်မှပဲ ထမင်းစားပါတော့မယ် ... အခု သမီးကို စာအုပ်လေး ငှားပေးလို့ရမလားဟင်"
"ဒါဆို သမီးစုယွဲ့ ဒီမှာစောင့်နေဦး ဘွား သွားယူလိုက်မယ်"
"သမီး လိုက်ကူညီပေးရဦးမလားဘွားဘွား"
"ရပါတယ်ကွယ် ဒီမှာထိုင်ပြီး လဘက်ရည်သောက်နေနော် ... ကျွင်ရှင်း စုယွဲ့ကို စကားပြောပေးလိုက်ဦး"
ချင်းစုယွဲ့က ဒီအခြေအနေကြီးကို သဘာဝမကျဘူးဟုထင်သည်။ ချန်းကျွင်ရှင်းကလည်း ထပ်တူခံစားရတာပင်။ ဒါပေမယ့် သူမက ဘာအမှားမှမလုပ်ထားမှန်း သူသိသည်။  အလွန်ဆုံး သူ့ကို လူတစ်ယောက်နဲ့တူသည်ဟုပြောကာ ဤသည်ကပဲ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာပင်။