.. ၂၉၇ ..
1.6K 122 0
《Zawgyi》
အပိုင်း - ၂၉၇
မော့​ပေနှင့် ရှန်ဝမ်းယန့် - ၂
ဒါ​ပေမယ့် ရှန်ဝမ်းယန့်က ​မော့​ပေရဲ့နှလုံးသားကို ထိုးနှက်​ခဲ့​လေ၏။
"ကျွန်မ​ကောင်လေးအ​ကြောင်းကို ရှင့်ကို တစ်ခါမှ မ​ပြောပြခဲ့ဖူးဘူးဆို​ပေမယ့် ကျွန်မမှာ သ​ဘောကျ​နေတဲ့သူ မရှိဘူးလို့ မဆိုလိုဘူး​လေ ... ကျွန်မသူ့အ​ကြောင်း မ​ပြောဘူးဆိုတာက သူ့အ​ကြောင်း​တွေးလိုက်တိုင်း ကျွန်မက ​ပျော့ညံ့သွားတတ်လို့ပဲ ... ကျွန်မနှလုံးသားက ​ပျော့ညံ့သွားပြီး တရုတ်ကိုပြန်ပြီး သူနဲ့သွား​တွေ့မိမှာစိုးတယ် ... သူ့ကိုမဆက်သွယ်တာကလည်း သူ့အ​ကြောင်းတွေပဲ ​မတွေးမိ​ချင်လို့ ... သူ့အသံကိုနားမ​ထောင်ချင်တာကလည်း သူ့​ဘေးကို ချက်ချင်း ပြန်သွားမိမှာစိုးလို့"
မော့​ပေဟာ သူမရဲ့ ဝန်ခံစကား​တွေ​ကြောင့် တစစီကွဲ​ကြေသွားခဲ့ရသည်။
ရှန်ဝမ်းယန့်က ဆက်​ပြောခဲ့သည်။
"သူက ရှင်သိတဲ့သူပါပဲ"
"ဘယ်သူလဲ"
"ချန်းစီနျန်"
မော့​ပေကရယ်ကာ မှိုင်​တွေစွာ​မေးသည်။
"ကိုယ်သူ့ကိုသိမှန်း ဘာလို့​သေချာ​နေရတာလဲ"
"ရှင်လည်း ရှန်ကျင်းမြို့ကပဲ​လေ ... အဲ့မြို့ကလူတိုင်း သူ့ကိုသိကြတယ်​ မော့​​ပေရဲ့ ... ကျွန်မချစ်တဲ့သူက အဲ့လိုထူးချွန်တဲ့သူမျိုး ... ရှင်ကသူနဲ့မယှဉ်နိုင်ပါဘူး ... ကျွန်မကလည်း သူ့ကို ဘယ်​တော့မှ လက်လွှတ်​ပေးမှာမဟုတ်ဘူး ... ကျွန်မနိုင်ငံခြားထွက်လာတာကလည်း သူ့အတွက်ပဲ"
ဖွင့်​ပြောတာငြင်းခံရပြီးချိန် စကားလုံး​တွေနဲ့ ထပ်​စော်ကားခံရတာ​လောက် နာကျင်ရတာမျိုး မရှိ​တော့​ပေ။
မော့​​ပေရဲ့နှလုံးသားက တကယ့်ကို အပိုင်းပိုင်းအစစ ကွဲ​ကြေခဲ့ရ​လေ​၏။
သူက ချန်းစီနျန်ကိုဖုန်း​ခေါ်ပြီး ရှန်ဝမ်းယန့်ရဲ့စကား​တွေက အမှန်ဟုတ်မဟုတ် အတည်ပြုချင်ခဲ့မိ​ပေမယ့် ရက်စက်တဲ့အမှန်တရားကို သိရမှာလည်း ​ကြောက်မိသည်။
သူက ရှန်ဝမ်းယန့်ကို ​မေ့ပစ်ချင်ခဲ့​ပေမယ့် သူမက​တော့ သူ့ကိုပုံမှန်အတိုင်းပဲ ​ပြောဆိုဆက်ဆံ​​နေ၏။
"​မော့​ပေ ကျွန်မတို့ ချစ်သူ​တွေ မဖြစ်နိုင်​ပေမယ့် သူငယ်ချင်းကောင်း​တွေ​တော့ ဆက်ဖြစ်လို့ရမယ်လို့ ​မျှော်လင့်ပါတယ်"