《Zawgyi》
အပိုင်း - ၂၇၇
ကူထုံး၊ ရှချောင်းနဲ့ မော်ရွှီယွမ် - ၁ငါးနှစ်ကြာပြီးနောက် ကူထုံးက ကျောင်းသားဟောင်းတွေ့ဆုံပွဲကို တက်ရောက်ခဲ့သည်။
သူမ မထင်မှတ်ထားတာကတော့ ပုံမှန်ဆို လူလုံးထွက်ပြလေ့မရှိတဲ့ ရှချောင်း ရောက်လာတာကိုပဲဖြစ်သည်။ အထီးကျန် ကူထုံးလေးနဲ့ယှဉ်လျှင် ရှချောင်းက အလှလေးတစ်ယောက်နဲ့အတူ ပွဲတက်လာတာပဲဖြစ်၏။
ရှချောင်းဝင်လာတော့ ကူထုံးက သူ့ကို အကြာကြီး စိုက်ကြည့်နေမိသည်။
ဒါက လုပ်ငန်းတူတဲ့အတန်းဖော်တွေ တွေ့ဆုံပွဲဖြစ်သည်။ ဒါပေမယ့် သူက သူ့ချစ်သူကို ပွဲထုတ်လာခဲ့၏။ ထိုမိန်းကလေးကို ဘယ်လောက်တောင် ချစ်လို့များပါလိမ့်။
သူမကသာ စူးစူးရဲရဲ စိုက်ကြည့်နေပေမယ့် ရှချောင်းကတော့ သီးသန့်ခန်းထဲဝင်ချိန် မတော်တဆ အကြည့်ချင်းဆုံမိသည်မှလွဲ သူမဘက်ကို ကြည့်မလာခဲ့ပေ။ ပိုဆိုးတာက အခုဆို သူက သူမရဲ့အကြည့်ကို ရှောင်နေပုံပင်။
ကူထုံးက ထောင့်မှာထိုင်ကာ ဝိုင်တွေတစ်ခွက်ပြီးတစ်ခွက် သောက်နေမိသည်။
သူမ ရှချောင်းကိုမြင်တိုင်း ရှုံးနိမ့်သလို ခံစားရသည်။ သူ့ကို အချိန်အကြာကြီး လိုက်ခဲ့ပေမယ့် သူမ ရှုံးခဲ့ပါ၏။
သူက သူမကို သဘောမကျခဲ့တာကြောင့် မလှုပ်ရှားခဲ့ပေ။
နောက်တော့ ကူထုံး အလုပ်လုပ်တဲ့နေရာမှာ လုပ်ဖော်ကိုင်ဖက်အသစ်တစ်ယောက် ရောက်လာသည်။ သူမတို့နှစ်ယောက် အတူပေါင်းဖြစ်ကြသည်။ ကူထုံးက အလုပ်အခြေအနေကို စိတ်အားထက်သန်စွာပြောပြတော့ ထိုလုပ်ဖော်ကိုင်ဖက်က သူမကို တကယ်ကျေးဇူးတင်ခဲ့သည်။ နှစ်ယောက်သား သင့်မြတ်စွာ အတူနေဖြစ်ကြသည်။
တစ်ကြိမ်မှာ ထိုလုပ်ဖော်ကိုင်ဖက်က သူမရဲ့ အလယ်တန်းတုန်းက တိတ်တခိုးချစ်ရသူကို တရုတ်နှစ်သစ်ကူးမှာ ပြန်တွေ့ခဲ့ကြောင်း ပြောပြသည်။ နောက်တစ်နေ့ ထပ်တွေ့ချိန်မှာ ထိုလူက အတူထမင်းစားဖို့ဖိတ်ပေမယ့် သူမက ငြင်းခဲ့သည်။
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...