.. ၂၅၄ ..
5K 528 2
《Zawgyi》
အပိုင်း - ၂၅၄
[တစ်ဘဝလုံးစာအချစ် - ၁]
လမ်းလျှောက်တတ်လာတဲ့ ချန်းချန်နျန်လေးက နေရာပေါင်းစုံကို ပတ်ပြေးရတာ သဘောကျသည်။
တစ်နေ့လုံး နောက်ကနေ စိုးရိမ်တကြီး လိုက်နေရတဲ့ ချင်းစုယွဲ့ကတော့ ခါးတွေတောင်ကိုက်ခဲလေသည်။
ညရောက်တော့ ချန်းစီနျန် အနားကပ်လာသည့်အခါမှာ ချင်းစုယွဲ့က ရှောင်လိုက်၏။
"ကျွန်မ ပင်ပန်းနေပြီ ... ဒီညတော့ အေးအေးဆေးဆေး အိပ်လိုက်လို့မရဘူးလားဟင်"
ချန်းစီနျန်က နားမလည်နိုင်။ သူမက ဒီနေ့တစ်နေ့လုံး အိမ်မှာ အေးအေးဆေးဆေးနားနေတာ မဟုတ်ဘူးလား။ ဒါပေမယ့် မေးကြည့်လိုက်တဲ့အခါမှာတော့ ကလေးဆိုးလေး ချန်းချန်နျန်ရဲ့ ပယောဂကြောင့်ဆိုတာ သိသွား၏။ နောက်တစ်နေ့မှာ သူက ပြောလာသည်။
"ကလေးကို ကိုယ်ကြည့်ပေးထားမယ် ... မင်းနားလိုက်လေ"
ချင်းစုယွဲ့က တနင်္လာနေ့တုန်းက အလုပ်မှာအကြွေးပိတာကို သတိရသွားပြီး ခေါင်းညိတ်လိုက်သည်။
"အဲ့တာဆိုလည်း ကလေးကို ရှင်နဲ့ထားလိုက်တော့မယ်"
"အင်း သွားအိပ်တော့"
ချင်းစုယွဲ့ကခေါင်းညိတ်ပြီး အခန်းထဲ ပြန်ဝင်လာသည်။ ဒါပေမယ့် ကောင်းကောင်းအိပ်မပျော်ပေ။ တစ်နာရီလောက်ပဲ အိပ်ပျော်ပြီး ပြန်နိုးလာကာ လှေကားကနေဆင်းလာတော့ အောက်ထပ်ရှိ ဧည့်ခန်းထဲ၌ အရုပ်ပုံကြီးအလယ်မှာထိုင်နေသည့် ချန်းချန်နျန်လေးကို တွေ့လိုက်ရသည်။
ချန်းချန်နျန်လေးက နီရဲရဲရှပ်အင်္ကျိ လက်တိုလေးကို ဝတ်ထားကာ လေးလေးနက်နက် မျက်နှာထားလေးဖြင့် အရုပ်ကားတွေကို တစ်စီးနဲ့တစ်စီးစီနေလေ၏။ ချင်းစုယွဲ့က ပြုံးနေရင်း ခေါ်လိုက်သည်။
"အားနျန်"
"မာမီ! မာမီ!"
ချင်းစုယွဲ့ လှေကားပေါ်က ဆင်းလာတာကိုမြင်တော့ ကလေးလေးက စိတ်လှုပ်ရှားစွာဖြင့် အရုပ်ကားကိုလက်ထဲမှာကိုင်ရင်း ဝှေ့ယမ်းနေသည်။
"ကားလေး!   မာမီ!    ကား!"
ချင်းစုယွဲ့က ပြုံးပြသည်။
"မာမီသိတယ် ... သားလေး ဆက်ကစားလေ"