.. ၂၉၃ ..
1.6K 167 4
《Zawgyi》
အပိုင်း - ၂၉၃
ကျွမ်ကျူးနှင့် ကျုံးချင်း
ကျုံးချင်းနှင့်ကူထုံးက ချင်းစုယွဲ့ ဘယ်​လောက်​တောင် က​လေးလိုချင်​နေလဲ သိကြသည်။ ဒါ​ကြောင့် သူမ ကိုယ်ဝန်ရှိပြီလို့ သတင်းရတာနဲ့ နှစ်​ယောက်သား သူမအတွက် စိတ်လှုပ်ရှား​နေကြသည်။ နှစ်​ယောက်သား ချန်းမိသားစုဆီလာပြီး ချင်းစုယွဲ့ကို သတင်းမေးဖို့ စီစဉ်ကြ၏။
အခုလို အားလုံးပြန်ဆုံကြဖို့က ခက်ခဲသည်။ အကုန်လုံးက ​ပျော်ရွှင်​နေကြကာ ​ရေပက်မဝင်​အောင် စကား​ပြောကြသည်။ ဒါ​ပေမယ့် မိနစ်နှစ်ဆယ်​လောက်အကြာမှာ​တော့ ကျွမ်ကျူးက လက်​ဆောင်ထုပ်​တွေနဲ့ ​ရောက်ချလာ၏။
ကျွမ်ကျူးက ဝင်လာလာချင်း ကျုံးချင်းကို အရင်ကြည့်တာဖြစ်သည်။
ကျုံးချင်းက​တော့ ​ခေါင်း​မော့မလာ​တော့ဘဲ လက်ဘက်ရည်ကိုသာ ငုံ့​သောက်​နေ၏။ ခန္ဓာကိုယ်ကို​တောင်လှည့်ကာ သူ့အကြည့်ကို ​ရှောင်လိုက်​လေသည်။
ကျွမ်ကျူးက စိတ်ပျက်မသွား​ပေ။ သူကပြုံးကာ ချင်းစုယွဲ့ထံ ​လျှောက်လာ​နေရင်း ချန်းစီနျန်အား လက်​ဆောင်တွေ​ပေးလိုက်သည်။
"မရီး​ရေ ... ဂုဏ်ယူတယ်ဗျာ ... ကျွန်​တော်​တော့ ဝတုတ်​လေးနဲ့ ကစားချင်​နေပြီ"
"ရှင်နဲ့ကစားရဦးမယ် ... မလုပ်ပါနဲ့ရှင် ... ကျွန်မတို့ က​လေး​​တော့ ရှင့်ဆီကအကျင့်​တွေကူးကုန်ပါမယ်"
ကျုံးချင်းက ချက်ချင်း တုံ့ပြန်လိုက်မိ၏။ ​လေထုက တင်းမာလာတယ်ဟုခံစားရကာ သူမစကား​ပြောတာများသွားမှန်း သ​ဘော​ပေါက်သွားသည်။
"​​တောင်းပန်ပါတယ် ... ကျွန်မ​ပြောတာလွန်သွားတယ်"
သူမက ရှက်ရွံ့စွာ​ပြောလိုက်သည်။
ချင်းစုယွဲ့ကပြုံးကာ အလျှင်အမြန် ပြန်ဖာ​ထေးပြီး ကျွမ်ကျူးကို​ပြောလိုက်သည်။
"အဲ့မှာပဲရပ်မ​နေနဲ့ ထိုင်​လေ"
ကျွမ်ကျူးက ထိုင်ဖို့နေရာကို ကြည့်လိုက်သည်။ ချင်းစုယွဲ့က ချန်းစီနျန်နဲ့အတူထိုင်တာ ဖြစ်သည်။ ကူထုံးက ကျုံးချင်းရဲ့ ဘယ်ဘက်ခြမ်းမှာထိုင်သည်။ ညာဘက်ခြမ်းမှာ ​နေရာနည်းနည်းလွတ်​နေ​ပေမယ့် သုံး​ယောက်ထိုင်ဆိုဖာမှာ လူသုံး​ယောက်ထိုင်ရ​လောက်​အောင် သိပ်ကျယ်ဝန်းမ​နေ​ပေ။