.. ၃၀၂ ..
4.6K 219 8
《Zawgyi》
အပိုင်း - ၃၀၂
သူမကို လိုက်မယ် - ၂
မော့​ပေက ဘယ်​လောက်ကြိုးစားစား သူမနှင့် အဆက်အသွယ်မရခဲ့​ပေ။ သူမ မ​တော်တဆမှု​တွေ ဖြစ်​နေမှာစိုးသဖြင့် သူမရဲ့မိသားစုနှင့်​ကျောင်းကို သွားကြည့်ရန် စီစဉ်လိုက်သည်။
ဒါ​ပေမယ့် သူမရဲ့ကျောင်းကို သူ မသိမှန်း သ​ဘော​​​ပေါက်သွားသည်။
သူမက တစ်ခါမှ မ​ပြောပြခဲ့ဖူး​ပေ။
သူကလည်း မ​​မေးခဲ့မိဘူး။
နောက်ဆုံးမှာ​တော့ တစ်ခု​သောညလယ်၌ ဖုန်းဝင်သွားသည်။
သူ သ​ဘောတကျဖြစ်သွားသည်။ သူမ လာမ​နှောင့်ယှက်​တော့မှ သူ့ဘဝကြီးက ​ခြောက်ကပ်ပြီး တစ်ခုခုလိုအပ်​နေသလိုပင်။
သူက ခံစားချက်​တွေကိုဖိနှိပ်ကာ ​မေးလိုက်သည်။
"ဘာလို့ ​နောက်ကျတဲ့အထိ အိပ်​နေတာလဲ"
"အာ ဒီမှာ မနက်အ​စောကြီးရှိ​သေးတာကို"
ထို့နောက် အပူအပင်ကင်းတဲ့​လေသံနှင့် သူမက​မေးသည်။
"ရှင်က ဘယ်သူလဲ"
မော့​ပေက ​​ပြောစရာစကားမဲ့သွားသည်။
"ဟယ်လို"
"အသက်မပြည့်တဲ့က​လေး ... ကိုယ်မင်းကိုမ​တွေ့တာ ​တော်​တော်ကြာပြီ ... မင်း.."
"အာ ကျွန်မရှင်နဲ့ စကားမ​ပြောနိုင်​သေးဘူး ... ဘက်စ်ကားမှီ​အောင် မြန်မြန်လုပ်ရမယ် ... အချိန်ရမှ ရှင်နဲ့စကား​ပြော​တော့မယ်"
ဖုန်းကချက်ချင်းကျသွားကာ ​မော့​ပေက ​တွေ​ဝေသွားသည်။ သူမ ဘာ​တွေလုပ်​နေတာလဲ။ ဘာဘက်စ်ကားလဲ။ သူမ ကား​မောင်းတတ်တယ်မဟုတ်ဘူးလား။
ထို့​နောက် ဧည့်ခံပွဲတစ်ခုမှာ ​မော့​ပေက အ​ဖေနန်နှင့် တိုက်တိုက်ဆိုင်ဆိုင်​တွေ့ခဲ့သည်။ စကား​ပြောကြည့်တော့မှ နန်​ဝေ့ချန်ဟာ နိုင်ငံခြားကို လေးနှစ်ကြာ ​ကျောင်းသွားတက်မှာဖြစ်​ကြောင်း သိလိုက်ရ​လေသည်။
မော့​ပေက သူမနှင့် ဆက်သွယ်မရဘဲ သူ့ဆီပြန်လာချင်ပါမလားဆိုတာ မ​သေချာ​​ပေ။ သူမက နိုင်ငံခြားသွားတာ သူ့ကိုမ​ပြောသွား​ပေ။ ပိုဆိုးတာက သူမက ဖုန်းချသွားခဲ့သည်။ သူ့ကို သ​ဘောမကျ​တော့​ပေ။