.. ၂၂၃ ..
4.6K 586 5
《Zawgyi》
အပိုင်း - ၂၂၃
[ချင်းစုယွဲ့က မော့ကြည့်လိုက်တော့ ချန်းကျွင်ရှင်းရဲ့ မျက်နှာချောချောကို မြင်လိုက်ရသည် - ၁]
Jမြို့ကနေ ပြန်လာပြီးတော့ ချန်းကျွင်ရှင်းဟာ ချင်းစုယွဲ့နဲ့ပြန်တွေ့နိုင်ချေ ဇီးရိုးသာရှိမည်ဟု ထင်ခဲ့သည်။ ဒါပေမယ့်လည်း ပွဲအခမ်းအနားတစ်ခုမှာ ပြန်တွေ့ခဲ့ရလေသည်။
ထိုပွဲစီစဉ်သူက သူ့အတန်းဖော်ဟောင်းဖြစ်ကာ မကြာခင် လက်ထပ်တော့မှာမလို့ အိမ်ဒီဇိုင်းပြင်ပေးဖို့ တောင်းဆိုလာသည်။
ချန်းကျွင်ရှင်းက ဒီလိုပရောဂျက်အသေးလေးတွေ လုပ်ပေးတာ တော်တော်ရှားသည်။
သူ့ကိုလာပြောတော့ ချန်းကျွင်ရှင်းက ရယ်လိုက်သည်။
"မင်းကောင်မလေးက တော်တော်သတ္တိရှိတာပဲကွ ... သူ ပြောခိုင်းတာမလား?"
သူ့အတန်းဖော်ကလည်း ရယ်၏။
"မင်းက နာမည်ကြီးနေလို့မဟုတ်ဘူးလား? ငါ့သတို့သမီးက မင်းကို တကယ်လေးစားတာကွ! သူပြောတာက မင်းဒီဇိုင်းဆွဲပေးတဲ့အိမ်မှာသာ နေခွင့်ရမယ်ဆိုရင် သေရင်တောင် နောင်တမရတော့ပါဘူးတဲ့"
"မင်းက စိတ်မဆိုးဘူးလား?"
ချန်းကျွင်ရှင်းက စနောက်လိုက်သည်။
"ရွေးစရာမရှိဘူးလေကွာ ... ငါကသူ့ကို အရမ်းချစ်တာကိုး"
"ငါသာဆို ငါ့ကောင်မလေးက တခြားယောက်ျား တစ်ယောက်အကြောင်း တွေးနေရင် သည်းမခံနိုင်လောက်ဘူး"
"မင်း တကယ်ကြိုက်တဲ့မိန်းကလေး မတွေ့သေးလို့ ဒီလိုပြောနိုင်တာပါကွာ ... တကယ်ချစ်မိသွားတဲ့အခါ သူနဲ့ယှဉ်ရင် တခြားဘာမှ အရေးမကြီးတော့ဘူး"
"မင်းကိုက ရူးနေတာပါကွာ"
သူနဲ့ ပြိုင်မငြင်းတော့ပဲ အတန်းဖော်ဟောင်းက ခေါင်းစဉ်ပြောင်းလိုက်သည်။
"ဒါဆို မင်း ငါ့ကို ဒီဇိုင်းဆွဲပေးဖို့ အားရဲ့လား? ငါ တောင်းဆိုတာပါကွာ နော်"
ချန်းကျွင်ရှင်းက ခဏစဉ်းစားကြည့်ပြီး သဘောတူလိုက်သည်။
"ကောင်းပြီလေ ... ငါမင်္ဂလာလက်ဖွဲ့အနေနဲ့ ဒီဇိုင်းဆွဲပေးမယ် ... တန်ဖိုးထားသင့်တယ်နော်"