.. ၂၇၈ ..
1.5K 147 4
《Zawgyi》
အပိုင်း - ၂၇၈
ကူထုံး၊ ရှ​​ချောင်းနဲ့ ​မော်ရွှီယွမ် - ၂
သူ​ စိတ်ဓါတ်ကျစွာဖြင့် ​ဆေးလိပ်တစ်လိပ်သောက်ပြီးလို့ ​နောက်တစ်လိပ် ထုတ်ယူလိုက်ချိန်မှာ ကူထုံးက မ​နေသာ​တော့ဘဲ ​ပြောလိုက်သည်။
"​ဆေးလိပ်​သောက်တာ အဆုတ်​တွေအတွက် မ​ကောင်းဘူး​​​နော် ... ရှင့်အလုပ်က သီချင်းဆိုတဲ့ပေါ် မူတည်​နေတာ ... ကိုယ့်ကိုယ်ကိုယ်ထိန်းပါရှင်"
ရှ​ချောင်းက သူမအသံကို ကြားရသည်ကို မအံ့ဩပေ။ ထိုအစား စီးကရက်ကို လက်ထဲမှာ ​ဆော့ကစား​​နေကာ အနည်းဆုံး​တော့ မီးမညှိခဲ့​​ပါ​ချေ။
ကုထုံးက လက်ပိုက်ကာ နံရံကိုမှီလိုက်ပြီး ရယ်ရင်း​ပြောသည်။
"အဲ့​တော့ ရှင်ကြိုက်တဲ့မိန်းကလေးပုံစံက ဒီလိုမျိုး​ပေါ့​လေ ... ​​တော်​​တော် အံ့သြတုန်လှုပ်ဖို့​ကောင်းတယ်​နော်"
"ငါ့အ​မေက သူ့ကိုသ​ဘောကျတယ်"
"ဪ မာမားဘွိုင်း​လေးပဲ"
သူမက သူ့ကို​လှောင်​နေတယ်ဆိုတာ ရှ​ချောင်းသိသည်။
သူဘာမှမ​ပြော​တော့ သူမကပဲ ဆက်​ပြောလိုက်သည်။
"အဲ့မိန်းက​လေးက စုယွဲ့ထက် ​တော်​တော်​လေးဆိုးတာ​နော် ... ရှင့်အမြင်က​တော့ ဆိုးဆိုးရွားရွားပဲ"
"အင်း အဆင်ပြေပါတယ် ... ​နောက်ရက်နည်းနည်း​နေရင် သူနဲ့ပြတ်မှာပဲဟာ"
"တကယ်လား သနားစရာပဲ ... ကျွန်မကရှင် ထာဝရ နာကျင်ခံစား​နေတာကို မြင်ချင်တာ​လေ ... ရှင်က သူ့ကိုဖြတ်​တော့မှာတဲ့လား"
ရှ​ချောင်းက သူမကိုလှည့်ကြည့်လာသည်။ သူက နှုတ်ခမ်းကိုသာ တင်းတင်း​စေ့ထားပြီး ဘာမှ​ပြောမလာ​ပေ။
ကူထုံးက ​ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"အစီအစဉ်မှူးရှ​ရေ ကံ​ကောင်းပါ​စေရှင်"
ထို့​နောက် သူမကပြုံးရင်း ဘာကိုမှဂရုမထားဘဲ ထွက်သွား​တော့သည်။
ရှ​ချောင်းက သူမကို အ​တော်ကြာသည်အထိ မလှုပ်ရှားဘဲ စိုက်ကြည့်​နေ၏။
သူက ချင်းစုယွဲ့ကို သ​ဘောကျခဲ့​ပေမယ့် သူမက လက်ထပ်ပြီး​နောက် ​ပျော်ရွှင်​နေပြီဖြစ်ပြီး သူ့အတွက် ​မျှော်လင့်ချက် မရှိ​တော့ဘူးဆိုတာလည်းသိသည်။