.. ၂၃၅ ..
4.7K 558 2
《Zawgyi》
အပိုင်း - ၂၃၅
[ဒါပေမယ့် ကိုယ်ကရော? ကိုယ်မင်းကို စောင့်ဆိုင်းနေတယ်ဆိုတာ တစ်ခါမှ သတိမထားမိဘူးလား - ၁ ]
သတိမထားမိပဲ အချိန်တွေ ကျော်လွန်သွားလေပြီ။
ဧည့်ခန်းကျယ်ကြီးက အပ်ကျသံပင် မကြားနိုင်လောက်အောင် တိတ်ဆိတ်လို့နေပြီး ချန်းကျွင်ရှင်း တစ်ဦးတည်းသာလျှင် မီးခိုးရောင်ဆိုဖာထက်မှာ ထိုင်နေလျက် လက်တွေကို ရင်ဘတ်ပေါ်တင်ထား၏။
စားပွဲထက်ရှိ ဖန်ခွက်နှစ်ခုထဲမှ ရေနွေးတွေဟာ အချိန်အတော်ကြာကတည်းက အေးစက်လို့သွားလေပြီ။
သူက ထိုနေရာမှာထိုင်နေကာ ဆောက်တည်မရ လျှောက်ကြည့်နေသည်။ အချိန်အတော်ကြာတော့ စာကြည့်ခန်းဘက် လှည့်ကြည့်လိုက်၏။ တံခါးကပိတ်ထားကာ သူမကအထဲမှာပဲ ရှိသေးသည်။
သူ့နှုတ်ခမ်းထက်၌ အပြုံးရေးရေး ထင်ဟပ်လာသည်။ သူမက အတိတ်ကိုများ လွမ်းဆွတ်တမ်းတနေသရော့လား။ ဒါမှမဟုတ် သူမချစ်သူအပေါ်ထားရှိသည့် ကြာရှည်လှသည့် ခံစားချက်မျာကြောင့် ငိုကြွေးပူဆွေးနေသလား။
ချင်းစုယွဲ့ကတော့ စာကြည့်ခန်းထဲ၌ အတော်ကြာက စီးဆင်းခဲ့သည့် မျက်ရည်တို့ကို ပွတ်သုတ်လိုက်သည်။ စာအုပ်ကိုပိတ်လိုက်တော့ နောက်ဆုံးနှစ်မျက်နှာ၌ စာတစ်စောင် ရှိနေသည်ကို တွေ့လိုက်၏။ ချန်းကျွင်ရှင်းထံ ရေးထားတာဖြစ်သည်။
သူမက အတော်ကြာ မျက်နှာသေဖြစ်နေပြီးမှ စာအုပ်နှင့်စာကို ကောက်ကိုင်ကာ အောက်ထပ်သို့ဆင်းလာသည်။
ဧည့်ခန်းက တောက်ပနေ၏။ ဆိုဖာထက်မှာထိုင်နေတဲ့ ချန်းကျွင်ရှင်း ဘာတွေးတွေးနေလဲတော့ မပြောတတ်ပေ။
ချင်းစုယွဲ့က သူ့ထံသွားကာ စာကိုပေးလိုက်သည်။ သူမအသံက ငိုထားတာကြောင့် အက်ရှနေလေ၏။
"ရှင့်စာ"
အသံကြားတော့ ချန်းကျွင်ရှင်းက မော့ကြည့်လာသည်။ နီရဲမို့မောက်နေတဲ့ သူမရဲ့မျက်ဝန်းတွေကို သူက သတိထားမိသွားသည်။
"ထပ်ငိုထားတာလား"
ချန်းကျွင်ရှင်းက သူမကို သေချာကြည့်နေတော့ ချင်းစုယွဲ့က အိုးတိုးအမ်းတမ်းဖြင့် ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်သည်။ ဒါကိုမြင်တာတောင် သူက ဆက်ကြည့်နေသေး၏။
"ကျွန်မ စိတ်မထိန်းနိုင်လို့ပါ"