.. ၂၂၉ ..
4.7K 569 5
《Zawgyi》
အပိုင်း - ၂၂၉
[ဒီကမ္ဘာမှာ သူမ နောက်ဆုံးချစ်ရမယ့်သူကိုလည်း မကာကွယ်နိုင်တော့ဘူး - ၁]
"Jမြို့မှာ ချန်းမိသားစုက ဘယ်လိုဩဇာအာဏာရှိတာလဲ"
ချင်းစုယွဲ့က သူမ ထင်ထားသလိုအဖြေမျိုး ပြန်ရမှာစိုးရိမ်စွာဖြင့် ဂရုတစိုက်မေးလိုက်သည်။
ကံကောင်းစွာနဲ့ ထိုအဖြေမျိုး မဟုတ်ခဲ့ပေ။
သူမကို အောက်ထပ်သို့ လိုက်ပို့ရင်းမှ သူက ပြန်ဖြေ၏။
"သိပ်တော့မကြီးပါဘူး ... ကိုယ်တို့မိသားစုမှာ အင်အားနည်းနည်းရှိပြီး ရာထူးရှိတယ်ကြလေ ... ဒီလောကကြီးက စည်းမျဉ်းတွေကို မင်းသိတယ်မလား"
"ဒီလိုကိုး"
ချင်းစုယွဲ့ကပြုံးသည်။
"အင်း ပိုက်ဆံနဲ့အာဏာသာရှိရင် ဘာမဆို လုပ်လို့ရနိုင်တာပဲ"
ချန်းကျွင်ရှင်းက သူမကိုကြည့်သည်။
"မင်း အကူအညီလိုတဲ့အခါ ကိုယ့်ကိုလာအကူအညီတောင်းရင် ဝမ်းမြောက်ဝမ်းသာနဲ့ ကူညီပေးမှာပါ"
"ကျေးဇူးပါရှင် လိုအပ်ရင် သေချာပေါက် အကူအညီတောင်းပါမယ်"
ချန်းကျွင်ရှင်းကပြုံး၏။
"ကောင်းပြီလေ ကိုယ်စောင့်နေမယ်"
ချင်းစုယွဲ့ကို အိမ်ပြန်ပို့ပြီးတာတောင် သူက ချက်ချင်မပြန်သေးပေ။ အပေါ်ထပ်က ပြတင်းပေါက်တွေကိုကြည့်ကာ သွယ်လျတဲ့ လက်ချောင်းရှည်ရှည်တွေဖြင့် စတီယာတိုင်ကို ခပ်ဖွဖွခေါက်နေမိသည်။ ထို့နောက်ဖုန်းခေါ်လိုက်သည်။
ထိုညမှာ ချင်းစုယွဲ့က အထုပ်အပိုးတွေကို သူမဘာသာပဲ ထုပ်ပိုးနေ၏။ နောက်တစ်နေ့မနက် အလုပ်သွားတော့ သူမက အလုပ်ထွက်စာကိုပင် ရေးထားကာ ညကကိစ္စအတွက် အထက်လူကြီးတွေဆီက ဆူခံရမှာကို စောင့်နေလေသည်။ ဒါပေမယ့် မမျှော်လင့်ထားစွာပဲ ရှင်းလင်းပွဲခန်းမထဲ အခေါ်ခံရပြီး ထိုထဲ၌  အခြားရင်းနှီးတဲ့မျက်နှာတွေကို တွေ့လိုက်ရကာ ဒါရိုက်တာကျောက်ဘေးမှာတော့ မျက်နှာမှာပက်တီးတွေဖြင့် ဖောယောင်နေတဲ့လူကိုပါ တွေ့လိုက်ရသည်။
ထိုလူတွေ သူမကို တောင်းပန်ခိုင်းလိမ့်မည်ဟု ချင်းစုယွဲ့က မထင်ခဲ့ပေ။ ဒါပေမယ့်လည်း မြင်ကွင်းကမတူ။ လူတိုင်းက ပြုံးရွှင်နေကြကာ သူမကို ထပ်ခါထပ်ခါ တောင်းပန်နေကြလေသည်။