《Zawgyi》
အပိုင်း - ၂၀၅
[ရှင့်သားက ဒီမှာကန်ပြီး ဒုက္ခပေးနေတယ် - ၂]ချင်းစုယွဲ့မှာ နာကျင်မှုကိုသည်းခံအားတင်းကာ ကားပေါ်ရောက်တော့မှ ထိုင်ခုံမှာမှီရင်း မျက်ဝန်းတွေကို အတန်ကြာမှေးစက်မိသည်။ နည်းနည်းသက်သာလာတဲ့အချိန်မှသာ မျက်ဝန်းတွေပြန်ဖွင့်လိုက်၏။ ချင်းစုယွဲ့ဟာ ရှန်ဝမ်းယန့်ပြောခဲ့တဲ့ကိစ္စကိုပင် မေ့သွားကာ ပိုအရေးကြီးသည့်ကိစ္စတစ်ခုက ခေါင်းထဲရောက်လာသည်။
ငါ့ရဲ့ဓမ္မတာက လဝက်ကျော် နောက်ကျနေပြီမလား?
ချင်းစုယွဲ့မှာ ကိုယ့်နဖူးကိုယ်သာ ပြန်ရိုက်မိတော့သည်။ ကိုယ့်ဓမ္မတာကိုယ်ပင် မေ့လျော့ရသည်အထိ အလုပ်ရှုပ်နေခဲ့ရတာပါလား ... နှစ်သစ်ကူးကာလအတွင်း အချိန်ပိုအလုပ်လုပ်ခဲ့ရသမျှ အခုမှပဲ ပင်ပန်းရကောင်းမှန်းသိတော့သည်။
ချင်းစုယွဲ့မှာ အိမ်ပြန်ရောက်တော့ အင်္ကျီတောင်မလဲနိုင်တော့ပဲ ချက်ချင်း အိပ်ပျော်သွားတော့သည်။
ချန်းစီနျန်ပြန်ရောက်လာတဲ့အခါ အိမ်မှာမီးတွေမှိတ်ထားပေမယ့် ချင်းစုယွဲ့ရဲ့ဖိနပ်နဲ့အိတ်တွေကို မြင်တွေ့ရတော့ သူက အိပ်ခန်းထဲသို့ပဲ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
မီးရောင်လင်းလာတော့ သူတို့အိပ်ရာကြီးအလယ်၌ ခွေခွေလေးလှဲအိပ်နေသူကို တွေ့လိုက်ရပေသည်။ ချန်းစီနျန်က သူမနဖူးကို စမ်းကြည့်လိုက်တော့ အဖျားရှိမနေ။
သူ မီးဖွင့်လိုက်ကတည်းက ချင်းစုယွဲ့ကနိုးလာပြီဖြစ်သည်။ သူမက အလင်းရောင်ကြောင့် မျက်လုံးတွေကို လက်ဖြင့်ကာလိုက်ပေမယ့် ဘာမှတော့မပြောချေ။
ချန်းစီနျန်က ချက်ချင်းပဲ ပုံမှန်မဟုတ်တာကို သတိပြုမိသွားကာ ချင်းစုယွဲ့ကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်လိုက်ရင်း မေး၏။
"ဒီနေ့ အလုပ်မှာ တစ်ခုခုဖြစ်ခဲ့လို့လား?"သူမက ပျင်းတိပျင်းရွဲဖြင့် သူ့ရင်ဘတ်အား မျက်နှာဖြင့်တိုးဝှေ့နေသည်။
"မဖြစ်ပါဘူး ... အလုပ်လုပ်ရတာ ချောချောမွေ့မွေ့ပဲ ... ဒီတိုင်း နည်းနည်းပင်ပန်းလို့"
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...