.. ၂၂၀ ..
4.9K 614 10
《Zawgyi》
အပိုင်း - ၂၂၀
[ဘာ? ဒီလူကလည်း ဗိသုကာပညာ သင်နေတာပဲလား? - ၂]
ချန်းကျွင်ရှင်းက အကြာကြီးတိတ်နေ၏။ တကယ်လည်း ထူးဆန်းနေသည်လေ...
သူ့ရဲ့ချောမောပြီး အေးစက်စက်နေတတ်တဲ့အကျင့်ကြောင့် မိန်းကလေးတွေအများစုရဲ့ အာရုံစိုက်ခံရတတ်သည်။
ရည်းစားတွေအများကြီး ထားခဲ့ဖူးပေမယ့် တစ်လထက် ပိုမမြဲတတ်ပေ။
အများစုက သူ ထိုမိန်းကလေးတွေအပေါ် စိတ်မဝင်စားလို့ ပြတ်တာများသည်။
ဒါ့အပြင် သူက မိန်းကလေးတွေအများကြီး ဝမ်းနည်းစွာ ငိုကြွေးကြသည်ကို မြင်တွေ့ခဲ့ရဖူးသည်။ တွေ့တိုင်းလည်း အငိုတိတ်သွားသည်အထိ အကြင်နာကင်းမဲ့စွာ ထိုင်ကြည့်နေခဲ့သည်။
မိန်းကလေးတစ်ယောက် ဝမ်းနည်းငိုကြွေးတာကိုမြင်ပြီး စိတ်သောကရောက်မိသည်မှာ ဒါက ပထမဆုံးအကြိမ်ပင်။
ဒါပေမယ့်လည်း သူမကို မကြိုက်ဘူးဆိုတာတော့ လုံးဝသေချာသည်။
"ချစ်တာတွေမေတ္တာတွေက ဘာများထူးဆန်းနေလို့လဲ? ငါနဲ့တွေ့ဖူးတာ လက်တစ်ဆုပ်အကြိမ်ရေတောင် မပြည့်တဲ့သူကို ကြွေသွားတယ်ဆိုတာ ငါ့စတိုင်မဟုတ်ဘူး"
သူငယ်ချင်းတစ်စုကတော့ ဝိုင်းမေးကြတော့သည်။
"ဒါဆိုရင် မစ္စတာချန်းနဲ့တွဲဖူးတဲ့ မိန်းကလေးတွေကျတော့ရော?"
ချန်းကျွင်ရှင်းက ခေတ္တမျှ ကြောင်အသွားသည်။ အိမ်သို့ ပြန်လာတော့ အိမ်တွင် ဧည့်သည်ရောက်နေသည်။
ဘွားဘွားချန်းက ဒီနေရာကနေ မပြောင်းချင်ပေ။ သူမက ဒီနားမှာနေတဲ့သူတွေကို သဘောကျပြီး သူမသားရဲ့ အပေါ်ယံ လူကုန်ထံအသိုင်းအဝိုင်းက မိတ်ဆွေတွေနဲ့ အဆက်ဆံမလုပ်ချင်။
ချန်းကျွင်ရှင်းနဲ့သူ့မိဘတွေက အကြိမ်ကြိမ် ဖြောင်းဖြပေမယ့် ဘွားဘွားချန်းက သဘောမတူသဖြင့် အရှုံးပေးလိုက်ရသည်။ ဘွားဘွားချန်းနဲ့အတူ နာနီတစ်ယောက် ထားပေးကာ အမြဲတစေ ဘွားဘွားထံ သွားရောက် လည်ပတ်ပေးသည်။
အခုချိန်မှာ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းက ဘွားဘွားချန်းအိမ်နှင့် နီး၏။ အရေးကြီးတဲ့ ပရောဂျက်ဖြစ်တာကြောင့် ချန်းကျွင်ရှင်းက လူကိုယ်တိုင် မကြာခဏ သွားစစ်ဆေးရသည်။ ဒါကြောင့် ဒီလတွေမှာ ဘွားဘွားချန်းအိမ်မှာပဲ နေလိုက်တော့ကာ ဘွားဘွားချန်းက အိမ်ကိုဧည့်သည်ခေါ်လာမည်ဟု ထင်မထားပေ။