.. ၂၀၃ ..
7.5K 731 29
《Zawgyi》
အပိုင်း - ၂၀၃
[ကလေးယူကြစို့ -၃]
အားလပ်ရက်ကြောင့်များလား?
သူက ချင်းစုယွဲ့အား စိုက်ကြည့်နေပြီး ရုတ်တရက်ပြောလာ၏။
"ပျော်စရာနှစ်သစ်ပါ ချန်းကတော်!"
"ပျော်စရာနှစ်သစ်ပါ မစ္စတာချန်းရှင့်"
ချင်းစုယွဲ့က ချန်းစီနျန်အနားကပ်ကာ နမ်းလိုက်တော့ သူ့အပြုံးက ပိုလို့ပင် ပီပြင်လာသည်။
ချင်းစုယွဲ့က သူ့အား ရက်တွေအကြာကြီး ပစ်ထားမိခဲ့သဖြင့် ဘယ်လိုပြန်ချော့ရမလဲ စိတ်ပူနေတာဖြစ်သည်။ သူက ဘာမှမဖြစ်တာကိုတွေ့မှ သူမကိုယ်သူမ အတွေးမလွန်ဖို့ ထိန်းလိုက်တော့သည်။
သူတို့အိမ်ရှေ့ရောက်တော့ ချန်းစီနျန်က ကားစက်ရပ်သည်။ ချင်းစုယွဲ့က ထိုင်ခုံခါးပတ်ဖြုတ်ပြီးပြီးချင်းမှာပဲ သူ့ဘာသာ ညည်းညည်းညူညူ ပြောတာကို ကြားလိုက်ရ၏။
"ကိုယ်လည်း ကိုယ့်ဆုတောင်းပြည့်ချင်တယ်"
"ဘာရယ်?"
ထိုတခဏက သူမဟာ စောနက အစီအစဉ်မှာ ဘာပြောခဲ့တာလဲဆိုတာကို သဘောမပေါက်မိသေး၍ဖြစ်သည်။
"ကလေးယူကြစို့"
"ဟင်?"
ဗြုန်းစားကြီးပါလား..
သူမက ဘယ်လိုပြန်ပြောလိုက်ရမည်မှန်း မသိလိုက်..
"အဲ့ဒါကြောင့်မလို့ ကိုယ်တို့တွေ ကလေးရဖို့အတွက် အရင်လုပ်ရမှာကို စလိုက်ကြစို့.."
"ဟေး! ချန်းစီနျန် ကျွန်မတို့က အခု ကားထဲမှာနော်!"
ချန်းစီနျန်က သူမကိုပင် ဆွဲဖက်ပြီးသွားလေပြီ။
"မစိုးရိမ်ပါနဲ့ ... ဘယ်သူမှမပြောပါဘူး ... သူတို့တွေ မြင်တောင်မြင်မှာမဟုတ်ဘူး"
"ဟေး!"
သူမ မည်မျှကန့်ကွက်ပါစေ သူ့ရဲ့နှုတ်ခမ်းတွေကြားမှာ ဝါးမြိုခံလိုက်ရသည်သာ။ ပိုဆိုးတာက သူက ချင်းစုယွဲ့ကို ဦးဆောင်စေခြင်းပင်။ သူမဘာသာ အကြိမ်ရေအနည်းငယ် လှုပ်ရှားပြီးတဲ့နောက်မှာတော့ ထပ်မလှုပ်ရှားနိုင်အောင် ပင်ပန်းသွားရပြီဖြစ်သည်။
နောက်တော့ သူက ပြန်ဦးဆောင်၏။ ကားထိုင်ခုံတွေကို လှန်ချလိုက်ပြီးတဲ့နောက်မှာ သူ့ကိုယ်တွင်းမှ ရမ္မက်သားရဲအား လွှတ်ပေးလိုက်တော့၏။