Farewell Letter♡
4K 278 20
《Zawgyi》
31.12.2022
******************
《Unicode》
"ဇာတ်လိုက်ကို ​​ရှောင်ရှားရမယ်"ဆိုတဲ့ မြန်မာဘာသာပြန်​လေးက ပြီးဆုံးသွားခဲ့ပါပြီ။ အိုမဲဒဲသိုး ပိကျိ​လေး😭။ ကိုယ့်ကိုယ်ကိုယ် ပြန်ချီးကျူးမယ်🤭။ ​
နောက်ဆုံးတော့ သုံးနှစ်တာ ခရီးရှည်ကြီး ပြီးဆုံးခဲ့ပါပြီ။ ဒီအ​တောအတွင်း စိတ်ဝင်တစား ဖတ်ရှု​ပေးခဲ့ကြလို့ ​​​ပိကျိ​လေးက ကျေးဇူးအများကြီးတင်ပါတယ်။ ဘယ်​အပိုင်းက​နေ ongoing လိုက်ခဲ့တာဖြစ်ဖြစ်၊ completed ပြီးမှ ဖတ်တဲ့သူပဲဖြစ်ဖြစ် ဒီ​နေရာထိ ​ရောက်ပြီး ဒီဝတ္ထုက ကာရိုက်တာ​တွေကို သံ​ယောဇဥ်ရှိပြီး ပိကျိရဲ့ အနိမ့်အမြင့် အတက်အကျတိုင်းမှာ အတူရှိ​ပေးခဲ့ကြလို့ ​ကျေးဇူးတင်ပါတယ်။ ဘာသာပြန်ရင်းနဲ့ အမှားအယွင်း​လေးများ ပါခဲ့ရင်လည်း နားလည်​ပေးကြပါဦး​နော်။ ဘာသာပြန်​နေရင်း လက်​​လျှော့ချင်စိတ် ​ပေါ်​ပေါ်လာတတ်တဲ့ပိကျိ​လေးကို အဆုံးထိ ​ရောက်​​အောင် တွန်းအား​ပေးခဲ့ကြတာလည်း စာဖတ်သူ​တွေပါပဲ။ ဖတ်မယ့်သူမရှိလည်း တစ်​ယောက်တည်းဖတ်ပြီး သိမ်းထားမယ်ဆိုတဲ့ ဘာသာပြန်က​လေးက ပြီးတဲ့အချိန်မှာ vote 300k ​ကျော်​နေတာလည်း မှတ်မှတ်ရရပါပဲ။ တကယ်ပါ အဲ့​လောက်ထိ မ​မျှော်လင့်ထားရဲလို့ အ​ရမ်း​ကျေးဇူးတင်ရပါတယ်ရှင်😭😭🧡။ ​
တိုက်ဆိုက်တာတစ်ခုက​လေ ဒီbook2​လေး ​စ​ရေးတာ 31.12.2020 ဖြစ်ပြီး ပြီးတဲ့​နေ့က 31.12.2022ဖြစ်​နေတာပါပဲ🥰🥰။
​ခေါင်းစဥ်က နှုတ်ဆက်စာဖြစ်​နေတာက​လေ တကယ်နှုတ်ဆက်တာမလို့ပါ။ ​နောက်ထပ်အသစ်​လည်း ထပ်ဘာသာပြန်ဖို့ ​တော်​တော်​လေး စဥ်းစားရ​တော့မှာပါ။ ကိုယ်စထားတဲ့ကိစ္စကို အဆုံးထိ တာဝန်ယူချင်တဲ့စိတ်က​လေးနဲ့ အားတင်း​ရေး​ပေမယ့် ပိကျိမှာ တကယ်အချိန်မရှိပါဘူး🥺။ ​ရေးလက်စ ဘာသာပြန်​တွေပြီးရင် translatorဘဝက​နေ အနားယူ​ဖြစ်မယ်ထင်တယ်။ အချိန်မတအားပိုပြီး ဘာသာပြန်ချင်တဲ့ moodက​လေး ဝင်လာရင်​တော့ normal အသစ်တစ်ပုဒ်pickပြီး ပြန်လာခဲ့ပါမယ်။ ဒါမယ့် တော်​တော်​လေး ကြာဦးမှာမလို့ မ​မျှော်ကြပါနဲ့။ မ​မျှော်ကြပါနဲ့။
editဖို့ကလည်း ​ကြာဦးမှာပါ။ editရင်လည်း unpublish လုပ်မှာမဟုတ်လို့ စိတ်​အေးလက်​အေး ဖတ်ကြပါ​နော်♡
အ​ရေးအကြီးဆုံးက ​​ရှေ့မှာလည်း​ပြောခဲ့​ပေမယ့် ထပ်​ပြောတာပါ​။ ဒီဘာသာပြန်​လေးကို pdf လည်းမလုပ်ပါနဲ့။ ss ရိုက်ပြီးလည်း မတင်ကြပါနဲ့​နော်။ ဘယ်​နေရာမှာမှလည်း မတင်ကြပါနဲ့ရှင်။ unpublish လုပ်မှာမဟုတ်လို့ လွမ်းတိုင်း ပြန်လာဖတ်လို့ရပါတယ်။ ​ကျေးဇူးတင်ပါတယ်ရှင်။
31.12.2022
******************
🎉 You've finished reading [ᴄᴏᴍᴘʟᴇᴛᴇᴅ]➋.ဇာတ္လိုက္ကိုေရွာင္ရွားရမယ္! [ဇာတ်လိုက်ကိုရှောင်ရှားရမယ်!] 🎉
[ᴄᴏᴍᴘʟᴇᴛᴇᴅ]➋.ဇာတ္လိုက္ကိုေရွာင္ရွားရမယ္!    [ဇာတ်လိုက်ကိုရှောင်ရှားရမယ်!]Where stories live. Discover now