.. ၂၁၇ ..
4.8K 583 5
《Zawgyi》
အပိုင်း - ၂၁၇
[အင်း ကိုယ့်မျိုးရိုးက ချန်း ဆိုပေမယ့်
ကိုယ့်နာမည်က ချန်းစီနျန်မဟုတ်ဘူး - ၂]
ဘာလို့လဲ?
ဘာလို့ ငါနဲ့စာရေးသူက စာအုပ်တစ်အုပ်ထဲကို အတူတူ ကူးပြောင်းလာရတာလဲ?
စာရေးသူက အဲ့ကမ္ဘာကို ဖန်တီးခဲ့တဲ့သူမလို့လား?
ငါက အဲ့ကမ္ဘာထဲက အရံဗီလိန်ဇာတ်ကောင်နဲ့ နာမည်ချင်းတူနေလို့လား?
ချင်းစုယွဲ့ဟာ သူမ မသိသေးတဲ့ တစ်စုံတစ်ခုသောအကြောင်း ရှိနေလိမ့်မည်ဟု ခံစားနေရသည်။
နောက်တစ်ပတ်တောင် မကြာသေးတဲ့အချိန်မှာပဲ သူမအမေက ဖခင်ဖြစ်သူ၏ တရားမဝင်သမီးရဲ့အဖြစ်အပျက်ကို ပြောပြလာလေသည်။
ချင်းစုယွဲ့က သူမအဖေအား အလွန်မုန်းတီးပေရာ မာမားချင်း စပြောပြောချင်းမှာပဲ စကားစဖြတ်လိုက်သည်။
"မား ... သူ့အကြောင်း မပြောလို့မရဘူးလား? သူ့ကိစ္စတွေ သမီးဘာမှမကြားချင်ဘူးဆိုတာ မားလည်းသိရဲ့သားနဲ့!"
"အင်းပါ... ဒီတိုင်း.... သမီး စာရေးဆရာတစ်ယောက်သတင်းကို ရှာနေတာတွေ့လို့ မား ကြားမိတာ ပြောပြမလို့ပါ ... အဲ့တရားမဝင်သမီးကလည်း စာရေးဆရာပဲတဲ့......."
"စာရေးဆရာ? တိုက်ဆိုင်လိုက်တာ"
"အင်းလို့ ... မာမားလည်း သူများဆီက ကြားလာတာ ... သူသေတော့ အိမ်ထဲက စာအုပ်အပုံလိုက်ကြီးပါ မီးလောင်သွားတာတဲ့ ... လူတွေပြောတာတော့ သူ့အိမ်ထဲက စာအုပ်တွေအများကြီးက ရောင်းဖို့မဟုတ်ဘူးတဲ့ ... သနားစရာကောင်းလိုက်တာကွယ် နော်"
ချင်းစုယွဲ့က ခေတ္တမျှ ပြောစရာစကားမဲ့သွားသည်။
အရာအားလုံးက ဒီလောက်တိုက်ဆိုင်နိုင်ပါ့မလား?
ထို့နောက်မှာတော့ ချင်းစုယွဲ့ဟာ ထိုမိန်းကလေး၏လိပ်စာကို စုံစမ်းပြီး   သွားရှာတဲ့အခါမှာ အိမ်ကသော့ပိတ်ထားလေသည်။
ချင်းစုယွဲ့က အကြာကြီး တံခါးခေါက်နေတာတောင် မည်သူမျှလာမဖွင့်ပေးပေ။
"ဒီကမိန်းကလေးက ဘယ်သူ့ကိုရှာနေတာလဲကွဲ့?"
ချင်းစုယွဲ့က လှည့်ကြည့်လိုက်တဲ့အခါမှာ ခါးကုန်းကုန်း မျက်တွင်းနက်နက်နှင့် အဘွားတစ်ဦးကို တွေ့လိုက်ရသည်။