.. ၂၆၅ ..
3.4K 281 5
《Zawgyi》
အပိုင်း - ၂၆၅
လျို့ဝှက်ချက် - ၂
ချစ်တာ​တွေ ​မေတ္တာ​တွေ သူမ ဂရုမစိုက်​ပေ။ ဘာမှထူးမှာလည်းမဟုတ်။
နောင်အနာဂတ်မှာ တစ်ရက်ရက်တွင်​တော့ သူလည်း သူမရဲ့အိပ်မက်ထဲတွင် ထပ်​ပေါ်လာ​မှာပင်။
ဒါ​​ပေမယ့် အချိန်​တွေကုန်လာတာနှင့်အမျှ ချန်းကျွင်ရှင်းသည် တစ်​နေ့မှာ သူမရဲ့မှတ်ဥာဏ်​တွေထဲက​နေ လုံးဝ​ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်ခဲ့သည်။
တစ်​နေ့မှာ သူမရဲ့ စိတ်ခံစားချက်​တွေကို ထိန်းချုပ်နိုင်ပြီး သူ့အ​ကြောင်း ​တွေး​နေတာကို ရပ်နိုင်​လိမ့်မည်။ သူ့ပုံပန်းသဏ္ဍာန်ကို ပြန်တမ်းတ​နေခြင်းဟာလည်း ရပ်တန့်သွား​ပေလိမ့်မည်။
အချိန်က အရာအားလုံးကို ကုစား​ပေးသွားပါလိမ့်မည်။
ဒါ​ပေမယ့် ဘာ​ကြောင့်ပါလဲ။ သူမဟာ ဒီလောက်နှစ်​တွေ ကြာပြီး​နောက်မှာ သတိ​ပေးခြင်းမရှိဘဲ ချန်းကျွင်ရှင်းနှင့် ​ဆုံတွေ့ခဲ့ရသည်။
ယဉ်လျိုယွဲ့နှင့် အတူအခန်းငှား​​နေသူမှာ ​ကျိုးလျန်ဖြစ်သည်။ အသက်အတူတူပဲဖြစ်ကာ ကျိုးလျန်ကဘွဲ့ရပြီးတာနှင့် ဘားမှာအဆို​တော်လုပ်သည်။ ​ပြောရရင်​တော့ သူမက ယဉ်လျိုယွဲ့နှင့် ဆန့်ကျင်ဘက်ဘဝမျိုးမှာ ​​နေထိုင်တာဖြစ်လေသည်။
အဲဒါ​ကြောင့်ပဲ နှစ်​ယောက်သားက စကား​​ပြောဖို့ အခွင့်အ​ရေးလည်း သိပ်မရှိခဲ့​ပေ။
ယဉ်လျိုယွဲ့က တစ်ခု​သောမနက်​တွင် အိမ်မှ အလျင်စလို ထွက်သွားသည်။ ည​နေ၆နာရီ​လောက် အိမ်ပြန်​ရောက်ချိန်မှာ​​တော့ အိမ်​သော့သည် မ​နေ့က သူမ ဝတ်ဆင်ခဲ့​သော ကုတ်အင်္ကျီအိပ်ကပ်အတွင်း ထည့်ထားခဲ့မိသည်ကို သတိပြုမိသွားသည်။ ပိုအ​ကြောင်းဆိုးတာက ထိုကုတ်အင်္ကျီမှာ အခန်းထဲတွင် ချိတ်ခဲ့မိ၍ပဲ ဖြစ်​လေသည်။
သူမက အိမ်ထဲမဝင်နိုင်သဖြင့် ​ရွေးချယ်စရာမရှိဘဲ ကျိုးလျန်အား ဖုန်းဆက်ရသည်။
ကျိုးလျန်က ချက်ချင်းပဲ ဖုန်းကိုင်လိုက်​ပေမယ့် တစ်ဖက်မှာက အရမ်းဆူညံ​နေသည်။ သူမက KTVမှာလို့ ခံစားလိုက်ရသည်။