.. ၂၉၅ ..
1.7K 160 4
《Zawgyi》
အပိုင်း - ၂၉၅
ကျွမ်ကျူးနှင့် ကျုံးချင်း - ၃
ကျုံးချင်းက မနည်းဆွဲ​ကာ တားပေမယ့် ကျွမ်ကျူးက လွှတ်မ​ပေး​ပေ။
"မင်းကိုယ့်ကို အဓိပ္ပါယ်မရှိတာ​တွေ လာ​ပြောတာ ဒီ​ကောင့်​ကြောင့် ဟုတ်တယ်မလား ... ဒီ​လောက်​နောက်ကျမှ မင်းကို အိမ်ပြန်ပို့​ပေးတယ် ... ဒီလို​ကောင်နဲ့ မင်းကတစ်​ယောက်တည်း ... ​တော်​​တော်ယုံကြည်​နေတယ်လား ... ကျုံးချင်း မင်း​တော်​တော်သတ္တိရှိတာပဲ"
"ကျွမ်ကျူး ရပ်လိုက် ... ရှင်ရူး​နေလား"
"မင်း​ကြောင့် ကိုယ်အ​နှေးနဲ့အမြန် ရူး​တော့မှာကွ"
"ကျွမ်ကျူး ​တော်​တော့! သူ့ကိုထပ်မထိုးနဲ့​တော့"
နောက်ဆုံး​တော့ တစ်​ယောက်က ​ဆေးရုံ​ရောက်သွားကာ ​တစ်​ယောက်က ရဲစခန်း​ရောက်သွား​တော့သည်။
ချန်းစီနျန်က ကျွမ်ကျူးကို လာထုတ်​ပေးကာ နှာ​ခေါင်းရှုံ့လိုက်သည်။
"မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး ... လူတစ်​ယောက်ကို မ​မေးမမြန်းပဲ သွားရိုက်ရလား ... ကျွမ်ကျူး မင်း​တော့တကယ် က​လေးလိုလုပ်​နေတာပဲ"
ကျွမ်ကျူးရဲ့မျက်နှာမှာ ဘာဒဏ်ရာမှ ရမထား​ချေ။ ကျုံးချင်းရဲ့ အလုပ်မှလူက နူးညံ့တဲ့လူမလို့ဖြစ်သည်။ ထိုသူ့ခမျာ တစ်ချိန်လုံး သူ့​ခေါင်းကိုသာ ကာထားနိုင်ရှာသည်။
ကျွမ်ကျူးက ကားထဲဝင်ကာ သူ့ကိုယ်​ပေါ်ရှာပြီး စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။ မှုန်ကုပ်ကုပ်ဖြင့် သူကဆို၏။
"ငါလည်း စိတ်ငြိမ်သွား​တော့ ​တော်​တော်​လေး ​နောင်တရပါတယ်ကွာ ... ငါ​ဒေါသကြီးသွားတာ ... အခု​တော့ ငါသူမကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ​တောင် မသိ​တော့ဘူး"
လူနာတင်ကား​ရောက်လာ​တော့ ကျုံးချင်းက သူ့လုပ်​ဖော်ကိုင်ဖက်နှင့်အတူ လိုက်သွားသည်။ သူမမျက်လုံး​တွေထဲက ရက်စက်ပြတ်သားမှု​တွေကို ပြန်​တွေးကြည့်သည်။
"ကျွမ်ကျူး ကျွန်မတို့ ဘယ်​တော့မှထပ်မ​တွေ့တာ ​ကောင်းမယ်"
ကျွမ်ကျူးက စီးကရက်ကို ကြမ်းကြမ်းတမ်းတမ်း ရှိုက်ဖွာလိုက်သည်။