.. ၂၉၀ ..
1.8K 171 2
《Zawgyi》
အပိုင်း - ၂၉၀
သူမကို လိုချင်တယ် - ၃
ချင်းစုယွဲ့နဲ့ကျုံးချင်း ပြန်မလို့ပြင်မှ သူတို့နှစ်​ယောက်လည်း လူလုံးထွက်ပြလိုက်သည်။
ကျုံးချင်းက ထိုအတွဲကို စ ​နောက်ချင်​ပေမယ့် ​နောက်ကပါလာတဲ့ ကျွမ်ကျူးကို မြင်လိုက်ရသည်။
ကျွမ်ကျူးက အနက်​ရောင်အင်္ကျီလက်တိုကို ဝတ်ဆင်ထားကာ သူမကို ​တောက်ပလက်ဖြာ​နေတဲ့ အကြည့်ကြီးဖြင့် စိုက်ကြည့်​နေသည်။
ကျုံးချင်းက တုန်လှုပ်သွားကာ ချင်းစုယွဲ့ကို အ​လောတကြီး ​ပြောလိုက်သည်။
"စုယွဲ့ ... နင့်ကို လာကြိုတဲ့သူရှိ​နေပြီဆို​တော့ ငါသွား​တော့မယ်​နော်"
"အာ ရတယ်​လေ"
ချင်းစုယွဲ့က သ​ဘော​ပေါက်၏။
ဒါ​ပေမယ့် ကျုံးချင်းထွက်သွားတာနှင့် ကျွမ်ကျူးက ​နောက်ကလိုက်သွား၏။ ချင်းစုယွဲ့က မ​နေသာဘဲ လှမ်း​ခေါ်လိုက်သည်။
"ကျွမ်ကျူး"
ကျွမ်ကျူးက ​နောက်ပြန်လှည့်ကာ အ​လောတကြီး​ပြော၏။
"မရီး ... ​​ကျွန်​တော်အချိန်ရမှ မရီးကို တစ်ဝိုင်းလိုက်​ကျွေးတော့မယ်"
ချင်းစုယွဲ့က ​ပြောစရာစကား မရှိ​တော့​​ပေ။
ချန်းစီနျန်က ချင်းစုယွဲ့ရဲ့ အထုပ်အပိုး​တွေကို လက်တစ်ဖက်ကကိုင်ထားပြီး ကျန်တစ်ဖက်က သူမလက်ကိုကိုင်ထားကာ လမ်း​လျှောက်​နေရင်းမှ ​ပြောသည်။
"သူတို့ကိစ္စ သူတို့ဘာသာရှင်းကြပါ​စေ ... ကိုယ်တို့ ဝင်မပါဘဲ​နေရ​အောင်"
ချင်းစုယွဲ့က ကျုံးချင်း​ပြောသွားတဲ့စကား​တွေကို ပြန်​တွေးကာ စိုးရိမ်လာသည်။
ကျွမ်ကျူးက ကျုံးချင်း​နောက်ကလိုက်ကာ သူမကို တားလိုက်သည်။
"​နေပါဦး ... ကိုယ်မင်းကို လိုက်ပို့မယ်​လေ"
"​ကျေးဇူးတင်​ပေမယ့် မလိုပါဘူး ... ကျွန်မဘာသာ ကား​မောင်းလာတာ"
"ဒါဆိုလည်း ကိုယ့်ကို​ခေါ်သွား​ပေး"
ကျုံးချင်းက ​ခေါင်းငုံ့ကာ သူမပိုက်ဆံအိတ်ထဲ ရှာလိုက်သည်။