.. ၂၇၅ ..
1.8K 187 8
《Zawgyi》
အပိုင်း - ၂၇၅
သူမ ​သေဆုံးပြီး​နောက် ချန်းကျွင်ရှင်းက ဝမ်းနည်း​ဆွေး​​မြေ့စွာ ​နေထိုင်ခဲ့တယ် - ၂
"သူငယ်ချင်းမကဘူး ... ငါတို့က ညီအစ်ကို​ကောင်း​တွေ"
"အိုး ဟုတ်လား"
ယဉ်လျိုယွဲ့က ​ခေါင်းငုံ့ပြီး ဖုန်းကြည့်လိုက်သည်။
လျိုယင်းက ခန့်မှန်းလိုက်၏။
"မင်း ချန်းကျွင်ရှင်းဆီကဖုန်းကို ​မျှော်​နေတာလား"
"အမ် မဟုတ်ပါဘူး"
သူက ငါ့ကို ဖုန်း​ခေါ်မှာမှ မဟုတ်တာ။
တွေးမိပြီး ယဉ်လျိုယွဲ့က ထပ်​ပြောသည်။
"ဒီကိုလာတာ​တောင် သူ မသိဘူး ... ကျွန်မတို့နှစ်​ယောက်က အဲ့​လောက်မရင်းနှီးကြပါဘူး"
"အဟက်"
လျိုယင်းက သ​ဘောမတူ​ပေ။
"ငါမင်းကိုမယုံဘူး ... ငါက လူ​တွေကို အကဲဖြတ်တဲ့​နေရာမှာ​တော်တယ် ... မင်းက ချန်းကျွင်ရှင်းရဲ့ ဒုတိယ​မြောက် အင်း အဲ့တုန်းက သတင်း​ထောက်.."
"ဟမ်"
လျိုယင်းက ​ပြော​နေရင်းမှ ရုတ်တရက် ရပ်သွား၏။
ယဉ်လျိုယွဲ့က သူ့ကို နားမလည်စွာ ကြည့်​နေသည်။
လျိုယင်းက ရှက်ရွံ့စွာ ရယ်လိုက်သည်။
"ငါ​တော့ မ​ပြောသင့်တာ ​ပြောမိပြီနဲ့တူတယ်"
ယဉ်လျိုယွဲ့ရဲ့စိတ်ထဲက​နေ ဒီကိစ္စဟာ ချန်းကျွင်ရှင်းနဲ့ ဆိုင်တယ်ဆိုတာ သိ​နေ​ပေမယ့် သူ့ကို ခက်ခဲ​အောင်လည်း မလုပ်ချင်​ပေ။
"အဆင်မ​ပြေရင် မ​ပြောပါနဲ့"
လျိုယင်းက သူမကိုကြည့်ပြီး သက်ပြင်းချသည်။
"ညီအစ်ကို​ကောင်းတစ်​ယောက်အ​နေနဲ့ ငါသူ့ကို ဒီစိတ်ထိခိုက်မှု ဖြစ်ရပ်ဆိုးကြီးက​နေ လွတ်​မြောက်​စေချင်ပြီ"
လျိုယင်းက သူမ​ဘေးမှာထိုင်ပြီး ​ရေရွတ်သည်။
"သူအရင်တုန်းက တစ်စုံတစ်​ယောက်ကို သ​ဘောကျခဲ့ဖူးတယ် ... သတင်းထောက်ပဲ နာမည်က ချင်းစုယွဲ့တဲ့ ... ဒါ​ပေမယ့် ချန်းကျွင်ရှင်းက ဖွင့်​တောင်မ​ပြောရ​သေးဘူး အဲ့မိန်းက​လေးက ငလျင်​ဘေးသင့်​ဒေသကို သွားခဲ့တယ် ... ​နောက်ဆက်တွဲငလျင်မှာ ​​​ဘေးလွတ်ရာကို မ​ရောက်ခဲ့ရှာဘူး ... ကံဆိုးစွာနဲ့ ​သေဆုံးသွားတယ် ... ချန်းကျွင်ရှင်းတစ်​ယောက် ရူးမလိုဖြစ်သွားတာ ငါကိုယ်တိုင်မြင်ခဲ့ရတာ ... သူ့မှာရှိသမျှ အဆက်အသွယ်​တွေအားလုံးနဲ့ ​ငလျင်ဘေးသင့်​ဒေသမှာ သူမကို ရှာခဲ့တာ ... ဒါ​ပေမယ့်  ရှာ​တွေ့ချိန်မှာ​တော့ အဲ့မိန်းက​လေးတစ်ကိုယ်လုံးဟာ ​သွေးချင်းချင်းနီ​နေခဲ့ပြီ"