.. ၂၈၅ ..
1.7K 175 4
《Zawgyi》
အပိုင်း - ၂၈၅
ဒီလိုမိန်းမမျိုးက ဘာများ​ကောင်း​နေလို့လဲ
တစ်ပတ်အကြာမှာ​​တော့ ချင်းစုယွဲ့က ချင်းကွမ်းချန်ကို ဖုန်း​ခေါ်လာကာ ဆုဟယ်အား သူမကို ကုသ​ပေးခဲ့သည့်အတွက် ​ကျေးဇူးတင်တဲ့အ​နေနဲ့ လက်​ဆောင်တစ်ခုပြင်ဆင်ထား​ကြောင်း၊ သူ့ကို သွားပို့​ပေး​စေလို​ကြောင်း ​ပြော၏။
"ချင်းကွမ်းချန်က ဘယ်တုန်းက ​တောက်တိုမယ်ရ ပို့​ပေးတဲ့သူ ဖြစ်သွားရတာလဲ"
ချင်းကွမ်းချန်ဟာ ထိုညက အဆိုပါအမျိုးသမီးရဲ့ ရိုင်းစိုင်းတဲ့အပြုအမူကို မ​မေ့​သေး​ပေ။
ချင်းစုယွဲ့ကပြုံးသည်။
"ကိုကိုကလည်း ညီမ​လေးကို ကူညီပါဦး ... ညီမ​လေးက အားနျန်​လေးကို ထိန်းရ​သေးတယ်​လေ ... စီနျန့်ကို ကုမ္ပဏီမှာ လက်​ဆောင်လာ​ပေးခိုင်းလိုက်မယ်"
သူမက ချင်းကွမ်းချန် ဘာဆင်​ခြေမှမ​ပေးနိုင်​အောင် ချက်ချင်းပဲ ဖုန်းချလိုက်သည်။
ချင်းကွမ်းချန်က ဖုန်းကျသွားပြီး​နောက် သူ့ကိုယ်သူ ပြန်​ပြောလိုက်သည်။ ဒါ ​နောက်ဆုံးအကြိမ်ပဲ။
ချန်းစီနျန်က လက်​ဆောင်လာပို့​တော့ တဲ့တိုး​ပြောလာသည်။
"မိန်းမတစ်​ယောက်ကို သ​ဘောကျရင် ကိုယ့်ဘာသာကိုယ်ကြိုးစား​လေ ... ကျွန်တော့်မိန်းမကို စိတ်ပူ​ရ​အောင်မလုပ်နဲ့ ... ဘယ်လိုဟာသကြီးလဲ"
ချင်းကွမ်းချန်က ချက်ချင်းပဲ ပြန်​​ချေပသည်။
"ငါမိန်းမတစ်​ယောက်ကို လိုက်​နေတယ်လို့ ဘယ်သူ​ပြောတာလဲ ... ချန်းစီနျန် လာ​နောက်​နေတာလား"
"​နောက်လားမ​နောက်လား ကိုယ့်ဘာသာကိုယ်ပဲ သိမှာ​ပေါ့"
ချင်းကွမ်းချန်က ​ဒေါသဖြစ်လာသည်။ သူကဘာလို့ ဆုဟယ်ကို လိုက်ရမှာလဲ။ သ​ဘောထားကလည်းဆိုး​သေး။ ဂုဏ်ကလည်း​မောက်​သေး။
သူမလိုလူက အပျိုကြီးဖြစ်တာပဲ​ကောင်းတယ်။
ဟုတ်တယ်။ သူ ​ဆေးရုံကလူ​တွေကို ​မေးကြည့်ခဲ့​သေးတယ်။ ဆုဟယ်က ​ကောင်​လေးမရှိဘူးတဲ့။
ချင်းကွမ်းချန်က ခဏတိတ်ဆိတ်သွားပြီးမှ ဗဟို​ဆေးရုံရဲ့ CEOထံ ဖုန်း​ခေါ်လိုက်သည်။
"CEOလား ...  ချင်းကွမ်းချန်ပါ ​မေးစရာ​လေးရှိလို့.."