《Zawgyi》
အပိုင်း - ၂၂၂
[သူ့ကို နောက်တစ်ကြိမ် ပြန်မြင်တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ် - ၂]စာအုပ်လေးတစ်အုပ်ရဖို့ကို ဘာလို့များ ဒီလောက်ထိ ခက်ခဲနေရပါလိမ့်
ချင်းစုယွဲ့က သူမကိုယ်သူမ ရယ်ချင်သွားသည်။ ဘာလို့ စာအုပ်တစ်အုပ်ကို အသည်းအသန် ဖြစ်နေရတာလဲ? တွေ့တော့ရော သူမက ဘာများလုပ်နိုင်မှာမလို့လဲ?
ပြန်သွားနိုင်မှာမလို့လား?
ချန်းစီနျန်ကို သူမရှိရာဆီ ခေါ်နိုင်မှာမလို့လား?
သူမက ခေါင်းမော့ကာ ချန်းကျွင်ရှင်းကို ကြည့်လိုက်သည်။ အနည်းဆုံးတော့ ဒီဘဝမှာ ချန်းစီနျန်ကို ထပ်မတွေ့နိုင်တော့ဘူး ဆိုလျှင်တောင် သူ့ပုံရိပ်တွေက သူမနှလုံးသားထဲ ငြိတွယ်နေဆဲပင်။
သူမနှင့်အတူ
သူမရဲ့မှတ်ဥာဏ်တွေထဲမှာ ထာဝရတည်ရှိနေမှာဖြစ်သည်။စာအုပ်ကို ရှာမတွေ့တော့ ချင်းစုယွဲ့လည်း ပြန်လာလိုက်သည်။
ချင်းစုယွဲ့ပြန်သွားတော့ ဘွားက ချန်းကျွင်ရှင်းအား ခပ်တိုးတိုးဆူသည်။
"ကျွင်ရှင်း ... သားအဖေနဲ့သားအဘိုးနဲ့က သားကို မိန်းကလေးတွေအပေါ် ဘယ်လိုညှာတာထောက်ထားရမလဲ သင်ပေးထားတယ်နော်! အဲ့တာတွေ ဘယ်ရောက်ကုန်တာလဲ? သားအဘိုးက သားကို လူကြီးလူကောင်းဖြစ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနာမည်ကို ပေးခဲ့တာ! စုယွဲ့ကို ဘယ်လို ဧည့်ဝတ်ကျေပေးလိုက်တာလဲ?"ချန်းကျွင်ရှင်းက ပြန်ချေပလိုက်ချင်သည်။
လူကြီးလူကောင်းဆန်ပေးရမှာ?
အဲ့တာက လူပေါ်မူတည်တယ်...ဘွားက ထွက်သွားပေမယ့် ချန်းကျွင်ရှင်းက နေရာမှာရပ်ကာ တွေးနေမိသည်။ ဘွားကို နှုတ်ဆက်သွားချိန်က ချင်းစုယွဲ့ရဲ့မျက်ဝန်းတွေ၌ အမှန်တကယ်ကို နာကျင်ကြေကွဲမှုတွေ ရှိနေခဲ့သည်။
အဲ့စာအုပ်က သူမအတွက် ဒီလောက်ထိ အရေးပါတာလား?
သူက ချက်ချင်း အပြင်သို့ထွက်လာလိုက်သည်။
ချင်းစုယွဲ့က အတွေးထဲနစ်မျောပြီး လမ်းလျှောက်နေကာ ဝေးဝေးမရောက်သေးပေ။
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...