.. ၂၀၇ ..
6.4K 740 21
《Zawgyi》
အပိုင်း - ၂၀၇
[ချစ်တယ် - ၁]
ချန်းစီနျန်က ချင်းစုယွဲ့ ကိုယ်ဝန်ဆောင်နေရပြီဟူသည့် သတင်းကောင်းကို မျှော်လင့်တကြီး စောင့်စားနေကြသည့် ချန်းနဲ့ချင်းမိသားစုလူကြီးတွေအား မျှဝေလိုက်သည်။ နှစ်ဖက်မိသားစု​တွေမှာ အလွန်အမင်း ပျော်ရွှင်နေကြတော့သည်။
အတွေ့အကြုံဗဟုသုတ ရှိဖူးသည့် ဝမ်ယဉ်းလင်နဲ့ အိမ်တော်ထိန်းစွန်းတို့ အနီးကပ်စောင့်ရှောက်လို့ ရအောင်အတွက် ဘိုးဘိုးချန်းက သူတို့အား ချန်းအိမ်တော်ကို ပြန်ပြောင်းလာနေဖို့ပြောသည်။ အလွန်ဆုံးတော့ သူတို့နှစ်ယောက်တည်း အပြင်မှာနေတာထက်စာလျှင် ပိုစိတ်ချရသေးသည်။
ချန်းစီနျန်က စဉ်းစားကြည့်ပြီး လက်ခံ၏။ အိမ်ကိုပြန်ကာ လိုအပ်တဲ့ပစ္စည်းပစ္စယ အနည်းငယ်ကို ပြန်ယူပြီး ချန်းမိသားစုအိမ်တော်သို့ ပြန်ပြောင်းလာခဲ့ကြသည်။
ချင်းစုယွဲ့ကလည်း သဘောတူသည်။ အတွေ့အကြုံရှိဖူးတဲ့သူက အနီးကပ်အကြံပေး စောင့်ရှောက်တယ်ဆိုတာ ကောင်းတဲ့ကိစ္စပင်။
ဝမ်ယဉ်းလင်ကပြုံးနေရင်း စုယွဲ့လက်ကိုကိုင်ကာ ချန်းစီနျန်ကို ကိုယ်ဝန်လွယ်ထားရစဉ်က အတွေ့အကြုံများကို ပြောပြနေသည်။ ချင်းစုယွဲ့က စိတ်ပါဝင်စားနားထောင်နေကာ ဘေးကချန်းစီနျန်ကတော့ စိတ်ညစ်လာသည်။ မာမားကလည်း ဘာလို့သူကြောင့် အရမ်းဒုက္ခရောက်ခဲ့ရသလိုကြီး ပြောနေရတာလဲ?
နှစ်ယောက်သား စိတ်ပါလက်ပါ ပြောနေကြတာတွေ့တော့ ချန်းစီနျန်လည်း သူ့အဘိုးဆီသို့သာ ထွက်လာခဲ့၏။
ညရောက်တော့မှ ချင်းစုယွဲ့လည်း နည်းနည်းအေးဆေးသွားသည်။ ချန်းစီနျန်က အိပ်ရာပေါ်တက်လာ၏။
"အလုပ်ကိုတော့ သက်သာတာပဲလုပ်နော်"
သူမအတွက် ဘယ်တော့မှ မစွန့်လွှတ်နိုင်တဲ့အရာက အလုပ်ပင်။ ကလေးအတွက် ကိုယ်ဝန်ဆောင်ခါစ အစောပိုင်းကာလတွေမှာ တော်တော်လေး ဂရုစိုက်ပေးရမယ်ဆိုပေမယ့် သူမက နည်းနည်းတော့ အထွန့်တက်ချင်မိတုန်းပင်။
"အလုပ်ဆက်လုပ်ခွင့်ပေးလို့ မရဘူးလားဟင်? ဒါမှမဟုတ်ရင် သုံးလလောက် ခွင့်တင်ပြီးမှ ပြန်လုပ်မယ်ဆိုရင်ရော?"