.. ၂၀၉ ..
5.9K 732 38
《Zawgyi》
အပိုင်း - ၂၀၉
[ချစ်တယ် - ၃]
ချင်းစုယွဲ့ဟာ ချင်းအိမ်တော်မှာ ခဏနေပြီးတော့ ချန်းမိသားစုအိမ်တော်သို့ ပြန်လာ၏။ မနက်တိုင်း လမ်းပြန်လျှောက်ဖြစ်သည်။ ဒီတခေါက်တွင်တော့ ဘိုးဘိုးချန်းတင်မဟုတ်ပဲ ချန်းစီနျန်ပါ သူမနှင့်အတူ ဘေးကနေ ဖြေးဖြေးလေး လျှောက်ပေးသည်။
ချင်းစုယွဲ့က ပျော်ရွှင်စွာဖြင့် သူ့လက်ကိုကိုင်ကာ ဘယ်ညာလွှဲလျက် စကားတပြောပြော လမ်းလျှောက်ကြသည်။
သနားစရာ ဘိုးဘိုးချန်းခမျာမှာတော့ ထိုအတွဲကိုကြည့်ကာ တိတ်တဆိတ်လေး လမ်းလျှောက်နေရရှာလေတော့၏။
မိန်းမယူပြီးတာနဲ့ ဘယ်လိုတောင် ကိုယ့်အဘိုးကိုယ် မေ့နိုင်ရတာလဲဟမ်
လေးလအကြာမှာတော့ ချင်းစုယွဲ့က ကိုယ်ဝန်ဆောင်ကာလ၌ ပျို့အန်သည့်ဝေဒနာကို ခံစားရလာလေပြီ။ ဘာစားစား အော့အန်ကာ နေ့တိုင်း ထိုဝေဒနာနှင့် တိုက်ခိုက်နေရသည်။
ချန်းစီနျန်က စိုးရိမ်လာ၏။ ဆရာဝန်ကို ဖုန်းဆက်တော့လည်း ကိုယ်ဝန်ဆောင်တိုင်း ဖြစ်နေကျလက္ခဏာဟုပြော၍ သူ့ခမျာ ဘာမှမတတ်နိုင်ပဲ မျက်နှာမကြည်မလင် ဖြစ်နေတော့သည်။
အန်တီစွန်းက အာဟာရရှိပြီး စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ချက်ပြုတ်ပေးသည်။ ချင်းစုယွဲ့က များများစားသော်လည်း စားသမျှအကုန် ပြန်အန်ထွက်သည်။ လဝက်အကြာမှာတော့ သူမအတော်လေး အားစိုက်ထုတ်ထားရတဲ့ ခန္ဓာကိုယ်အလေးချိန်တွေလည်း ကျဆင်းကုန်တော့သည်။
ချင်းစုယွဲ့ခံစားနေရတာမြင်တော့ ချန်းစီနျန်ဟာ တစ်ညမှာ အိပ်ရာထဲ၌ သူတို့ရဲ့လက်တွေကိုယှက်ကာ ဆုပ်ကိုင်ထားရင်း ပြောလေသည်။
"ဒီကလေးလေး မွေးပြီးသွားရင် နောက်ထပ် ကလေးမယူတော့ဘူး"
အိပ်ချင်မူးတူးဖြစ်နေတဲ့ ချင်းစုယွဲ့က ထိုစကားကိုကြားတော့ ချက်ချင်း မျက်လုံးပြူးသွားကာ မေး၏။
"ဘာလို့လဲ?"
ချန်းစီနျန်က မျက်နှာမကြည်။
"မယူတော့ပါဘူးဆို"
ချင်းစုယွဲ့က သူ့မျက်နှာကိုကြည့်ကာ မေးသည်။
"ဒါပေမယ့် ကျွန်မတို့ သဘောတူထားတယ်လေ"