《Zawgyi》
အပိုင်း - ၂၇၃
အခုမကြိုက်သလို နောင်လည်း ကြိုက်မှာမဟုတ်ဘူး - ၂ယဉ်လျိုယွဲ့က ပြန်ရောက်တာနဲ့ တစ်ညလုံးမအိပ်ဘဲ စာမူကြမ်းရေးသည်။ နောက်တစ်နေ့မှာတော့ တာဝန်ခံအယ်ဒီတာကို စာမူကြမ်းပြပေမယ့် အနည်းငယ် စိတ်တိုင်းမကျဖြစ်သည်။
"အကြောင်းအရာက ကောင်းပေမယ့် ချန်းကျွင်ရှင်းရဲ့ အချစ်ရေးအကြောင်းကိုလည်း သိပ်မရေးထားဘူး ... ဘာလို့သင့်တော်သလို ထပ်ပေါင်းမထည့်တာလဲ"ယဉ်လျိုယွဲ့ဟာ စာမူကြမ်းကို ပြန်ပြင်ဖို့လိုအပ်မှုက ခက်ခဲတဲ့အခြေအနေ ရောက်နေတယ်လို့ ခံစားရသည်။ သူမဟာ ချန်းကျွင်ရှင်းရဲ့ မေတ္တာရေးအကြောင်းကို မစုံစမ်းဝံ့ခဲ့ပေ။ သူမသာ သူ့ကို ထိုမေးခွန်း မေးလိုက်လျှင် ချက်ချင်း ပျောက်ကွယ်သွားတော့မလို ခံစားလိုက်ရသည်။
အရဲစွန့်ပြီးသာ ဥာဏ်ကွန့်ပြီး ပြန်ပြင်နိုင်သည်။
ထို့ကြောင့် ချန်းကျွင်ရှင်း ပထမဆုံးစာမူကြမ်းရချိန်၌ သူ့အလုပ်ကိုသာ အာရုံစိုက်နေရ၍ ချိန်းတွေ့ဖို့ရာ အချိန်မရှိကြောင်း၊ နောင်လည်း အလုပ်ကိုပဲ အာရုံစိုက်နေမိမှာဖြစ်ကြောင်း ရေးသားထားသည်ကို တွေ့လိုက်ရသည်။ သူက သူမကို မေးလ်ပို့လိုက်သည်။
"ယဉ်မိန်းကလေးက ကျွန်တော့်ကို တကယ်နားလည်တာပဲ"ချန်းကျွင်ရှင်းက သူမကို စနောက်နေတာဖြစ်ကြောင်း သူမသိသည်။
"ငါ့ကို တော်တော်အထင်ကြီးနေတာပဲ ... ဘယ်ကတည်းက သူ့ကို နားလည်ခဲ့တာမို့လဲ .. မဝံ့ရဲပါဘူး"
ဒါပေမယ့် စာရိုက်ပို့တော့ တစ်ခြားစီဖြစ်သည်။
"မစ္စတာချန်း အဆင်မပြေတာရှိရင် ပြောပါ ... ပြန်ပြင်ရေးပေးပါမယ်"ချန်းကျွင်ရှင်းက သူမရဲ့ အလုပ်သဘောဆန်ဆန် ပြန်ဖြေတာကိုမြင်တော့ ပြုံးသည်။
"စာမူကြမ်းတစ်ခုလုံးက မပြေတာပဲ"မေးလ်ပို့ပြီးမကြာခင်မှာပဲ ပြန်ရောက်လာတဲ့စာကိုမြင်ပြီးတော့ ယဉ်လျိုယွဲ့မှာ သွေးတက်ပြီး မူးလဲချင်သွားသည်။ ငါ့မှာတော့ အချိန်ယူပြီး ရေးထားရတာကို သူက ဘာမကျေနပ်တာတဲ့လဲ။
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီး...