"မင်္ဂလာပွဲ ပြီးပြီးချင်း မင်းထွက်သွားတော့ ငါ စိုးရိမ်မိသေးတာ အားကျန့်"
"ငါ့ကိုယ်ငါ ထိန်းသိမ်းနိုင်ပါပြီ
အားချန်ရာ စိတ်မပူနဲ့ "ရှောင်ကျန့် ရယ်မောရင်းပြန်ပြောမိတယ်။ ကျန်းချန်ကို စိုးရိမ်ပူပန်မှုတွေ ပေးဖို့မသင့်ဘူးလေ။
ကျန်းချန်က စကားဆက်တယ်။
"မင်းထွက်သွားပြီး တော်တော်ကြာတော့မှ ဝမ်ရိပေါ် ငါ့ဆီလာတယ်။ သူရှင်းရတဲ့ပြဿနာတွေကလည်း မနည်းလှပါဘူးကွာ ပြီးတော့ လုပ်ငန်းစုကြီးရဲ့ ဆက်ခံသူအဖြစ်ကြေညာလိုက်တော့ သူ့မှာ နေ့မအိပ်ညမအိပ်တွေဖြစ်တယ်လို့ ငါကြား
ရတယ်""မင်းဘာလို့ ဒါတွေပြောနေရတာလဲ
အားချန် ""ရှောင်ကျန့် သိလား ဝမ့်ကျီးကို
မင်းဆုံးရှုံးရတော့ နောက်ဆုံးအနေနဲ့တောင် မင်းသူ့မျက်နှာ မတွေ့လိုက်ရဘူး ပုံမှန်မသိစိတ်တောင်မရှိနိုင်တဲ့ မင်းကို
ငါမြင်ရတာ ငါရင်နာလို့ မဆုံးဘူး
သူငယ်ချင်း။ခုချိန်မှာ မင်းကို မြင်ရတာငါစိုးရိမ်မိပြန်တယ် ""အားချန် မင်းဒါတွေဘဲပြောမှာဆို ငါပြန်မယ်။ ပြီးတော့ ရိပေါ်က သူ့ဘဝနဲ့သူ တည်ငြိမ်နေပြီ ငါနှောက်ယှက်ဖို့
မသင့်တော့ဘူးလေ""ရှောင်ကျန့် မင်းဝမ်ရိပေါ်ကို တကယ်ဘဲ လျစ်လျူရှုထားနိုင်ပြီလား"
ကျန်းချန်က သေချာသိဖို့လိုအပ်သလို
ပုံစံမျိုးနဲ့ မေးလာတယ်။"ရိပေါ်ကို ဘယ်တော့မှမတွေ့ဖို့ ဆုံးဖြတ်ပြီးသား သူတို့မိသားစုအပေါ်
ငါမတရားလုပ်မိတာမို့ ငါ့ကိုယ်ငါ
သေချာဆုံးဖြတ်ထားတာ အားချန်""အေး နေလိုက်ပါ မင်းဘဲ လူကြီးလူကောင်း ပီသနေလိုက် ကျန်တဲ့သူတွေက ငတုံးတွေချည်း ဟုတ်ပြီလား ရှောင်ကျန့်"
" မင်း ဘာဖြစ်နေတာလဲ အားချန်"
"မင်းကို သေချာစဉ်းစားတတ်တယ်
ထင်နေတာ လက်စသတ်တော့ မင်းက
ငပိန်းဘဲ ရှောင်ကျန့် ဖြစ်သမျှကိစ္စတွေက ငါ့အပြစ်တွေပါဘဲလို့ စဉ်းစားပြီးအရူးလို ကိုယ့်ကိုယ်ကို အပြစ်ပေးနေတဲ့ သနားစရာကောင်ဘဲ"
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။