ညည့်နက်လှပြီ။
ပေကျင်းရဲ့ လမ်းမတွေထက်မှာ အချိန်အခါမဟုတ်တဲ့ မိုးဟာ မသည်းဘဲရွာနေတယ်။
မသည်းတဲ့မိုးဟာ ဘယ်တော့မှ မစဲဘူး။
ကောရဲ့အကြိမ်ကြိမ်ချန်ရစ်ထားမှုကို ခံရတဲ့
ရိပေါ်ရဲ့ လွမ်းဆွတ်ခြင်းတွေကလည်း
မရပ်တန့်နိုင်ခဲ့ပါဘူး။******************
ဝင်ထားတဲ့ mail တွေလည်း ရိပေါ်
မစစ်ဖြစ်ခဲ့တာကြာပြီ။ ထူးထူးခြားခြား
Dr. ကျန်းချန် ပို့ထားတဲ့ mail ရောက်
ထားတယ်။ သူ့ကိုလာတွေ့ပါတဲ့။ကောရဲ့အလုပ်ခန်းဆီအရင်သွားတော့
နေရာပြောင်းသွားခဲ့ပြီ။ခေါက်ဆွဲဆိုင်လေးလည်း မရှိတော့ဘူး
ခင်ဗျားရယ် ဘယ်မှာလဲ...။
.....................ကျန်းချန်ဆီရောက်တော့ လက်သီးနဲ့ထိုးတာတွေ အပြစ်တင်တာတွေ မရှိဘူး။
'CEO Wang ထိုင်ပါ'
'ကျနော် ကောကိုဘယ်နေရာမှာမှ ရှာမတွေ့ဘူး ဒေါက်တာ နေရာသိရင် ကျနော့်ကို ပြောပြ
ပေးပါ'ဟန်မဆောင်နိုင်စွာဘဲ မေးမိတယ်။
"ခင်ဗျားက အလာလည်းမကောင်းသလို
အခါလည်းနှောင်းပါတယ် ဝမ်ရိပေါ်""ရှောင်ကျန့်က နေရာတစ်ခုမှာ အေးချမ်း
ပျော်ရွှင်နေလောက်ပါပြီ"
________________________အပြန်လမ်းမှာ ရိပေါ်နှလုံးသားတွေ ကြေမွမတတ် နာကျင်နေပြီး မငိုနိုင်လောက်အောင်လည်း ဆို့နင့်နေခဲ့တယ်။
ကောကို လက်မလွှတ်နိုင်လို့ ပြဿနာတွေ
ရှင်းနေခြင်းက ကောနဲ့ အဝေးဆုံး
ဝေးသွားစေခဲ့တယ် ဆိုတာ.....။တိုက်ခန်းလေးဆီပြန်လာခဲ့တယ်။ တံခါးဖွင့်ဝင်လိုက်တော့ ကြမ်းပြင်မှာ စာအိတ်လေး
တစ်ခုတွေ့ရတယ်။ စာအိတ်ပေါ်မှာ..."ရိပေါ်အတွက်" လို့ လက်ရေးနဲ့ သေသပ်စွာရေးထားတယ်။
စာအိတ်လေးကို ရိပေါ် ခပ်မြန်မြန်ဖွင့်ဖတ်လိုက်တယ်။ သူ မျှော်လင့်ထားသလို ရှင်းပြ တာတွေ ချစ်တဲ့အကြောင်းတွေ မဟုတ်
ခဲ့ပါဘူး။
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။