#လွန်ခဲ့သော ၁၀ နှစ်ခန့်က #
"အားကျန့်ရေ ကျောင်းချိန်နီးနေပြီ
မင်းမိတ်ကပ်လိမ်းလို့ မပြီးသေးဘူးလား"အိမ်ရှေ့မှာ အာပြဲနဲ့ အော်ခေါ်နေသော
ကျန်းချန်။"အေးလာပြီ လာပြီ လာပြီ" လို့ ရှောင်ကျန့်
အော်ရင်း လူလည်းပြေးထွက်လာခဲ့သည်ပြီးတော့ ကျန်းချန် ပခုံးကို လက်သီးနဲ့ထိုးလိုက်ပြီး "ငါဘယ်တုန်းက မိတ်ကပ်လိမ်းလို့ အာပြဲနေအောင် အော်ခေါ်နေလဲ မသာရဲ့"
နှစ်ယောက်သား ကားမောင်းပြီး ကျောင်းလာခဲ့သည်။ ကျန်းချန်နဲ့ ရှောင်ကျန့်က
ငယ်သူငယ်ချင်းတွေ။မူလတန်းမှစပြီး အလယ်တန်း ၊ အထက်တန်းရောက်သည်အထိ တိုင်ပင်ရင်း ရန်ဖြစ်ရင်း ငြင်းရင်း ခုံရင်း တပူးတွဲတွဲ ။
အထက်တန်းပြီးကြတော့ ကျန်းချန်က
သူ့ဝါသနာအတိုင်း ဆေးလိုင်းတက်ခဲ့ပြီး
ရှောင်ကျန့်ကတော့ ဗိသုကာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်လာရန် ရွေးချယ်ခဲ့သည်။ခုချိန်မှာတော့ Final Year ကျောင်းသားတွေတောင် ဖြစ်လာကြပြီ။
ဒီနေ့ကတော့ final year ရဲ့ ပထမဆုံး ကျောင်းဖွင့်ရက်မို့ ကျန်းချန်က ကားယူလာ
ခဲ့သည် ။ ချမ်းသာသော မိသားစုမို့ ကျန်းချန်က ကားကို အမျိုးမျိုးပြောင်းစီးခဲ့သော်လည်း မပြောင်းမလဲ ကားစီးခွင့်ရသူက ရှောင်ကျန့်တစ်ဦးတည်းသာ။ရည်းစားလည်း မထားဖြစ်ခဲ့။ ကျန်းချန်က မိန်းကလေးတစ်ယောက်ကို သဘောကျကြောင်းပြောဖူးသော်လည်း ကျောင်းပြောင်းသွားတာကြောင့် မေ့မေ့ပျောက်ပျောက်။
ဆေးကျောင်းသားရော အင်ဂျင်နီယာကျောင်းသားများပါ ဘွဲ့ယူနိုင်ရေး အတော်
ကြိုးပမ်းကြရတယ်။University Campus ထဲသို့ ကားကွေ့အဝင်
ကျွီ ....ဒုန်း ...ဒုတ် ...အား
ကျန်းချန်က ရုတ်တရက် ဖြတ်ဝင်လာတဲ့ ဆိုင်ကယ်ကြောင့် ဘရိတ်ဆောင့်အုပ် လိုက်တော့ ကားဒက်ရှ်ဘုတ်နှင့် ရှောင်ကျန့် နဖူး မိတ်ဆက်ပစ်လိုက်သည်။

YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။