KC Hospital' s Reception
"Dr. ကျန်းချန်နဲ့ တွေ့ဖို့လာတာပါ "
" ကြိုတင်ချိန်းဆိုထားမှုများ ရှိပါသလား"
" လောရင့် မက်ဂယ် ပါ "
" ၁၂ လွှာ ရဲ့ ညာဘက်ထိပ်ဆုံးအခန်းကို
သွားလိုက်ပါနော် Dr. စောင့်နေပါလိမ့်မယ်""Hello Dr. ကျန်းချန် ပြန်တွေ့ရပြန်ပြီနော်"
"Dr. လောရင့် ပြန်ဆုံရတာဝမ်းသာပါတယ် ထိုင်ပါ ကျနော့်ကို အရေးကြီး တွေ့ချင်တာ ဘာအကြောင်းပါလိမ့်"
"ခင်ဗျား မေးခိုင်းတဲ့ကိစ္စလေ အဲဒါ သဲလွန်စ တစ်ခု ထပ်ရလာတယ် "
" ရော့ ကျနော်ပေးတဲ့ ဓာတ်ပုံတွေကို
ကြည့်လိုက်ပါ"" ဒီပုံက ဘယ်သူလဲ သူက ကျနော်မေးထားတဲ့ကိစ္စနဲ့ ဘယ်လို ပတ်သက်နေလဲ"
" သူ့ရဲ့ Profile ပါပါတယ် တစ်ချက်ကြည့်လိုက်ပါ ခင်ဗျား သိပါလိမ့်မယ် ဒေါက်တာ"
ကျန်းချန်က တုံ့ဆိုင်းမနေဘဲ နောက်ထပ်စာအိတ်တစ်ခုကို ထပ်ဖောက်လိုက်တယ်။
"Professor Dr. လန်ရှီးချန်"
Profile ကို ဆက်ဖတ်လိုက်တော့ ကျန်းချန် ဝမ်းသာ ဝမ်းနည်းဖြစ်သွားရတယ်။
အဲဒီပုဂ္ဂိုလ်က ဆေးကုသမှု လုပ်ငန်းတွေ
မလုပ်တော့ဘဲ ဇာတ်မြှုပ်နေတာ ဆယ်နှစ်ကျော်ကြာပြီဖြစ်ပြီး သေဆုံးတဲ့ သတင်း
ဘာညာတော့ မသိရဘူးဆိုတာ ဒေါက်တာ
လော့ရင့်က ပြောပြလိုက်တယ်။"ဒေါက်တာ ကျန်းချန် ကျနော်စုံစမ်းပေးနိုင်တဲ့ အတိုင်းအတာကတော့ ဒီလောက်ထိဘဲ ဒါတောင် ဒယ်ဒီမရိပ်မိအောင် လုပ်ထားတာ။ ဒယ်ဒီသိရင် သေပြီဘဲ"
" ခင်ဗျား ကျေးဇူးတွေကို ကျနော် မမေ့ပါဘူး ဒေါက်တာ လောရင့် "
" ခွင့်ပြုပါအုံး အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ဒေါက်တာကျန်းချန်"
" ကျေးဇူးပါ သူငယ်ချင်း"
ဒေါက်တာလောရင့်က အမေရိကန်မှာ ရှိတဲ့ အထူးကု ဆေးရုံကြီးက ဆရာဝန်။ သူ့အဖေကကျန်းမာရေးဝန်ကြီးဌာနက လက်ထောက်ဝန်ကြီး။ ကျန်းချန် မရမက အပူကပ်လို့သာ ကူညီပေးရတာ။ ဆေးဘက်မှာ ဒီလိုကိစ္စကြီးတွေက သိုသိုသိပ်သိပ် ရှိတာများတယ် ဆိုတာ သူလည်း သိတယ်။
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။