အလုပ်ခန်းကို ရှောင်ကျန့်ရောက်တော့ ကျင်းရီ နဲ့ စစ်ကျွေးက မျက်နှာအိုအိုနဲ့ ထိုင်နေရင်း
ကနေ ထလာကြတယ်။"ကျင်းရီ စစ်ကျွေး ဘာဖြစ်နေကြတာလဲ ဧည့်သည်ဆိုတာက ဘယ်မှာလဲ"
"ကောရဲ့ အခန်းထဲမှာ စောင့်နေတယ်
နှစ်မိနစ်တစ်ခါ ထွက်လာပြီး မေးနေတာ"သူ့အလုပ်ခန်းဆီ ရှောင်ကျန့် ဝင်လိုက်တော့...
အမျိုးသမီး တစ်ဦး။ တိတိကျကျပြောရရင် ဝမ်ရိပေါ်နဲ့ အတူတွေ့ခဲ့ရတဲ့ အမျိုးသမီး။
သူဝင်လာတာနဲ့ ချက်ချင်းဘဲ သူမက
စပြောတယ်။" ရှောင်ကျန့် ဟုတ်တယ်နော်"
"ဟုတ်ပါတယ်"
" ကျမက ဝမ်ရိပေါ်ရဲ့ ဇနီးလောင်း စုမင်"
"ဟုတ်ကဲ့ပါ ကျနော်နဲ့ တွေ့ဖို့လာရတဲ့
ကိစ္စများရှိလို့လား""hak ရှောင်ကျန့် ရှင်က မထင်ရဘူးနော် ယောက်ျားဖြစ်ပြီး လည်လိုက်တာ စကား
ကိုလည်း မိန်းမလို မိန်းမရနဲ့ကျွန်မကို
မြန်မြန်ပြော မြန်မြန်ပြန်လို့ ဆိုလိုတာပေါ့ ဟုတ်လား"" ဗျာ အဲလို မဟုတ်ပါဘူး စုမင် မိန်းကလေး"
"ကောင်းပြီ ရှည်ရှည်ဝေးဝေးတွေ မပြောချင်ဘူး ဒီမယ်ရှောင်ကျန့် ရှင် ရိပေါ်နဲ့ ဝေးဝေး
နေပါ""အလုပ်ကိစ္စကလွဲရင် ကျန်တာ မပတ်သက်
ပါနဲ့ ရှင်နဲ့ရိပေါ် လိုအပ်တာထက် ပိုပြီးရင်းနှီးနေကြတာမျိုး လုံးဝလက်မခံ
နိုင်ဘူး ရှင်က ယောကျာ်းတွေဘဲ ကြိုက်တယ်ဆိုရင် တခြားယောက်ျား ရှာလိုက် ရိပေါ်ကတော့ မရဘူး""မလိုအပ်တဲ့ ပြဿနာတွေ မရှာစမ်းပါနဲ့
ရှောင်ကျန့် ငါက သိပ်စိတ်မရှည်တတ်ဘူး
ပြီးတော့ ဝမ်ရိပေါ်ကို ဘယ်နည်းနဲ့ ဖြစ်ဖြစ်ရအောင်ယူမှာမို့ ရှင် အေးဆေးနေလိုက်"စုမင်က သတိပေးတာရော စွပ်စွဲတာရော ပြောဆိုပြီးတဲ့နောက် ရှောင်ကျန့် မျက်နှာကို သေချာ စိုက်ကြည့်တယ်။ နင်ကများ... ဆိုတဲ့ အဓိပ္ပါယ်တွေအပြည့်နဲ့..။
ရှောင်ကျန့် ဘာပြန်ပြောရမယ်ဆိုတာ
မစဉ်းစားတတ်အောင်ပါဘဲ။
DU LIEST GERADE
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။