ဖြစ်လာတဲ့ အခြေအနေဟာ ဖြေရှင်းဖို့ ထင်သလောက် မလွယ်ကူဘူး။ ဒါပေမဲ့ ရှောင်ကျန့်ဘက်က ဒါရိုက်တာနဲ့ ထပ်ပြီးမျက်နှာချင်း ဆိုင်နိုင်ဖို့ အဆင်မပြေပါဘူး။
""ဟူး.....""
ရှောင်ကျန့် သက်ပြင်းရှည်ကြီး ချမိသည်။
"ငါတစ်ယောက်အတွက်နဲ့ ကျန်တဲ့ ညီငယ်
တွေလည်း ဒုက္ခရောက်ရတော့မှာပါလား"အရမ်းမက်မောခဲ့ရသည့်အလုပ်ကို သူ့အနေနဲအားတင်းပြီး လွှဲပေးခဲ့ရတယ်ဆိုတာ
သူ့ကိုယ်သူ အသိဆုံးပါဘဲလေ။***********
ရှောင်ကျန့် အိမ်ထဲဝင်လာတော့ ဒေါ်လေးက
"နေရောကောင်းရဲ့လား ကြည့်ရတာ
နွမ်းနယ်နေတာဘဲ အားကျန့်ရယ်""နေကောင်းပါတယ် နည်းနည်းပင်ပန်းလို့ပါ"
"ညနေစာရော"
"စားခဲ့ပြီ ဒေါ်လေး ...နားတော့မယ်နော်"
"အေးပါ နားနား"
*************
နောက်ရက်ကျ ယွီပင်းတို့ ပြန်လာကြတယ်။"ရှောင်ကျန့်ကော"
"ယွီပင်း နဲ့ စစ်ကျွေး အလုပ်နဲ့ပတ်သက်လို့
ကောကို ပြောပြပါအုံး""PD ဝမ်ရိပေါ်က တစ်ကယ်အေးစက်တယ် ကျွန်တော်တို့ဘက်က တာဝန်ယူရမည့် ကိစ္စ
ကလွဲရင် ဧည့်ဝတ်ကျေစကားတစ်ခွန်း
မပြောတော့ဘူး။ ပြန်ဖို့အတွက်သွားပြောတော့ မတားပါဘူးတဲ့။ နောက်တစ်ရက်ကြာလို့ ရှောင်ကျန့် အလုပ်ဆက်မဝင်ရင် ပြော
ထားတဲ့အတိုင်း ရှေ့နေကတစ်ဆင့်ဘဲ ပြော
ဖို့ ရှိပါတယ်လို့ ပြောတယ် ကောရေ""ကော ကျနော် တစ်ခုမေးပါရစေ"
"အင်း မေးလေ ကျင်းရီ"
"ကောနဲ့ ဒါရိုက်တာ ကြားမှာ ပြဿနာ
ဖြစ်ထားသေးလား။ ကျွန်တော်ဒီလိုမေးရတာ စိတ်မဆိုးပါနဲ့ ကောရဲ့စိတ်အရဆို ဒီလို လက်လွှတ်ဖို့ မလွယ်ကူဘူးလားလို့လေ"နောက်ပြီး စာချုပ်ထဲက လျော်ကြေးက နောက်ထပ် ဆယ်ဘဝလောက် လုပ်ပေးတောင် အကျေဆပ်ဖို့ မလွယ်ကူဘူးဆိုတာကောရော ကျနော်တို့ရော သိပြီးသားလေ"

YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။