ရိပေါ် ပြန်ရောက်တော့ ရှောင်ကျန့်
အခန်းဘက်သွားခဲ့တယ်။တိုက်ဆိုင်စွာဘဲ ရှောင်ကျန့်က သူ့အခန်းရှေထွက်ရပ်နေရင်း သာနေတဲ့ လကို မော့ကြည့်နေတယ်။
လရောင်အောက်မှာလည်း ကျန့်ကောမျက်နှာ
နုနုက သိပ်ကို ကြည့်ကောင်းလွန်းတယ်။"ကျန့်ကော"
သူ့အသံကြားတော့ ရှောင်ကျန့်က လှည့်ကြည့် တယ်။ ပြီးတော့ပြုံးရင်း နှုတ်ဆက်လာတယ်။
" ဒါရိုက်တာ ပြန်ရောက်ပြီလား"
" ဟုတ်တယ် နေသာထိုင်သာရှိရဲ့လား ကော"
" ကျနော် သက်သာပါတယ် ဒါရိုက်တာ"
"ကျနော်တစ်ခု တောင်းဆိုပါရစေ အလုပ်တွေကို ပုံမှန်အတိုင်း လုပ်ခွင့်ပေးပါ"
တားမရမှာသိလို့ ရိပေါ်က ခေါင်းညိမ့်ပြလိုက်တယ်။ ရှောင်ကျန့်က သဘောကျစွာ ထပ်ပြုံးတယ်။ တဆိတ် ခုတလော အပြုံးတွေက အသက်ဝင်လွန်းတယ် ကောရေ။
ထိခိုက်မိတာမြင်တော့ ကျနော် ရူးတော့မလို ခံစားရတယ်။ ဆေးရုံမှာ ကောကို ပြုစုပေးရတာ ကျနော့်ဘဝမှာ အရာရာပြည့်စုံသွား
သလိုပါဘဲ။ချစ်တယ် ဆိုတဲ့ စကားထက် ပိုတာရှိရင်
ထပ်ဖြည့်ချင်ပါတယ် ကျနော် ကောကို မြတ်နိုးတယ်။ ပျော်ရွှင်စေချင်တယ်။ပြီးတော့ ကောလက်ကိုတွဲပြီး အရာရာကျော်ဖြတ်ချင်တယ်။ ကောက ကျနော့်ဘဝရဲ့ ရှင်သန်ရာပါ။ကျနော့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးအချစ်ပါဘဲ ကျန့်ကောရာ။
ရိပေါ်ရဲ့ နှလုံးသားထဲမှာ ချစ်ခြင်းမေတ္တာဟာ အတားအဆီးမရှိ ယိုဖိတ်လာတယ်။
ဒီလူသာ သူ့ရဲ့ကမ္ဘာမို့......။ရှောင်ကျန့် အနားအထိ ရိပေါ် တိုးသွားလိုက်တယ်။ ဘေးတိုက်မြင်နေရတဲ့ ရှောင်ကျန့်ရဲ့ မျက်နှာလေးကို သေချာကြည့်လိုက်ပြီး.....
" ကော "
" ကျနော် ကောကို သိပ်ချစ်တယ်"
ရှောင်ကျန့် ကမ္ဘာကြီးလည်နေရာက ရပ်သွားတာလား ရပ်နေရာကနေ လည်သွားတာလား မသိတော့ဘူး။
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။