ရိပေါ်က တက်စီအား လမ်းလေးထဲသို့ ချိုးဝင်ရန် ပြောလိုက်ပြီးနောက် သူ့အိမ်ရှေ့သို့ ရောက်ပြီ ဖြစ်သည်။
အဲ့ချိန်ထိ ဟိုအစ်ကိုက စကားတစ်ခွန်းမှ
မဆက်သေး။"ကျွန်တော် ဆင်းရမည့် နေရာရောက်ပြီ"
လို့ ရိပေါ် ပြောလိုက်မှ"အင်း"
"အချိန်ရရင် လက်ဘက်ရည်တိုက်.... "
"တော်ပြီ သွားတော့မယ်"
ရိပေါ် စကားမဆုံးခင် ရှောင်ကျန့်က ကားမောင်းထွက်ရန် ပြောလိုက်တယ်
ကားမှန်ပါ ပိတ်သွားကာ တစ်ချက်မျှ လှည့်မကြည့်ဘဲ ထိုလူက ပြန်သွားခဲ့ပြီ။
လက်က ဒဏ်ရာအပြင် ရင်ဘက်ထဲကလည်းဆစ်ကနဲ ခံစားလိုက်ရသည်။
မောင်းထွက်သွားတဲ့ ကားနောက်မီးက ကြည့်ရင်း တဖြည်းဖြည်း ဝေးကွာသွားခဲ့တယ်။
"ကျေးဇူးအများကြီး တင်သွားပြီ
ခင်ဗျားနဲ့ထပ်ဆုံချင်သေးတယ်" လို့ ခပ်ဖွဖွ ရေရွတ်ရင်း အိမ်ထဲ ဝင်လာခဲ့လိုက်တယ်။-------------------
လောကကြီးမှာ လူနှစ်ယောက် ဒီလောက်အထိ တူနေလိမ့်မယ် လို့ ရှောင်ကျန့် အိပ်မက်ထဲပင် ထည့်မမက်ဖူးခဲ့ပေ။
ပြီးတော့ သူ့လက်မှာ ဒဏ်ရာ ရသွားသည့်အချိန်မှာ ပူထူပြီး ဘာမှမစဉ်းစားနိုင်တော့ဘဲ ဆေးရုံကို ဆွဲခေါ်လာမိလိုက်တယ်။
"စိတ်ထိန်းစမ်း ရှောင်ကျန့် ! မင်းစိတ်ကိုထိန်းစမ်း!"
လောကကြီးမှာ အမည်တူမရှား လူတူမရှားလေ။ ပြီးတော့ ဒီအဖြစ်အပျက်တွေက ဆယ်နှစ်ကျော်ကြာခဲ့ပြီ။
ကိုယ်ကိုယ့်ကိုယ် အားတင်းရင်း ရှောင်ကျန့် အသက်ရှုတွေ ကြပ်လာတယ်။ ရင်ဘက်ထဲမှာလည်း တဝုန်းဝုန်းနဲ့ လှိုင်းကြမ်းရိုက်ခတ်နေသလို မောဟိုက်လာရပြီးနောက်..
"ဟင့်အင်း !!!!ကျနော် မထိန်းနိုင်တော့ဘူး
ထင်ပါရဲ့ဗျာ"အိမ်ရောက်တော့ ရှောင်ကျန့် တစ်ယောက် ဟန်ပင်မဆောင်နိုင်အောင် လူက ပြိုလဲကျပြီးမျက်ရည်တွေက အတားအဆီးမရှိ ကျလာခဲ့ပါတယ်။
"ညီရယ် မင်းငါ့ကို ထားသွားရက်လိုက်တာ"
"ငါကတော့ မင်းထားခဲ့တဲ့ စက္ကန့်ပိုင်းလေးက စပြီး ခုချိန်ထိ တစ်စက္ကန့်မှ မင်းကို မေ့မရခဲ့ပါဘူး ညီရယ်"
---------------
ရိပေါ် ရင်ထဲမှာ ဆို့နင့်သလို ခံစားနေရတယ်။
ဘာကြောင့်မှန်းမသိ ရင်ဘက်တွေ
အောင့်နေခဲ့တယ်။ဆေးကုသမှု ခံယူခဲ့ပြီးတာနှစ်တွေလည်း
ကြာခဲ့ပါပြီ။ ပြီးတော့ ဒီအတောအတွင်း ဒီလို ခံစားဖူးတာ ပထမဆုံး ဖြစ်သည်။သောက်ရမည့် ဆေးများကို သောက်ပြီးအိပ်ပျော်ဖို့ ကြိုးစားခဲ့တာ မနက်နှစ် နာရီ
ရှိလေပြီ။သေချာတာက အိပ်စက်ခြင်းကို ရောက်နိုင်ပါ့မလား။
___________________အပိုင်း ၄ ဆက်ရန်
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။