(၇)

185 15 2
                                    

ရှောင်ကျန့် မနက်အစောကြီး နိုးလာခဲ့တယ်။

"ဟာ ဟုတ်တယ် ဒီနေ့ ညီ ပြန်လာမှာ"

ဝမ့်ကျီးစုတ် ငါကဖြင့် မျှော်လိုက်ရတာ သူက ကျောက်မီးသွေးတွင်းတွေဘက် ရောက်နေလို့ online လိုင်းပေါ်မတက်နိုင်ဘူးတဲ့"

"အလုပ်ဘဲလုပ် အေး ချစ်သူကိုမေ့နေလိုက်"

"ပြန်လာမှ ယုန်လေး ခွင့်လွှတ်လာမပြောနဲ့ နှစ်ချက်လောက် ဆင့်ထိုးပစ်လိုက်မယ် နှုတ်ခမ်းနဲ့ ဟိဟိ"

ရှောင်ကျန့်တစ်ယောက် စူပုတ်ပုတ်နဲ့ ပါးစပ်ကလည်း ပွစိပွစိပြောရင်း ရေချိုး ပြင်ဆင်နေတယ်။

ဝမ့်ကျီး အကြိုက်ဆုံး အပြာရောင် long coat လေး ဝတ်ထားတယ်။ ခရမ်းရောင်ပန်းစည်းကတော့ မပါမဖြစ်။

ပြီးတော့ တက်စီငှားပြီးလေဆိပ်သို့ လာခဲ့သည်။ လွမ်းလိုက်ရတာ ဝမ့်ကျီးရေ။

****************
‌အိမ်ရှေ့ကားရပ်သံကြားတော့ ဒေါ်လေးချင်းလှမ်းကြည့်လိုက်တော့ ကျန်းချန်။

"ဒေါ်လေး အားကျန့် အိပ်တုန်းလား"

"ညတုန်းကတော့ ငိုယိုပြီးမိုးလင်းခါနီးမှအိပ်သွားရှာတယ် ဒေါ်လေးလည်း ခုဘဲ နိုးတာ"

"ကျနော် အပေါ် တက်ကြည့်အုံးမယ်"

ကျန်းချန်က ပြောပြောဆိုဆို အပေါ်ထပ် ပြေးတက်သွားတယ်။

ရုတ်တရက်!!!

"ဒေါ်လေး ဒေါ်လေး အားကျန့်မရှိဘူး"

အားချန်ရယ် သူလေဆိပ်သွားပြန်ပြီထင်ပါ
တယ်" ပြောရင်း ဒေါ်လေးချင်းက ငိုလေပြီ။

"ငါ့တူလေးတော့ ဘဝဆုံးနေပါပြီ ဒေါ်လေး သွားလေသူ မင်းမိဘတွေကို ဘယ်လိုမျက်နှာပြရမလဲ အားကျန့်ရဲ့"

သနားစရာ ဒေါ်လေးက အငိုမရပ်နိုင်တော့။

******************
ညနေဘက်မှာ ကျန်းချန် ကားကို လေဆိပ်ဘက်မောင်းလာ ခဲ့လိုက်သည်။

အထွေအထူး စဉ်းစားမနေဘဲ ပြည်ပဆိုက်ရောက်ဘက်သို့ လာခဲ့လိုက်တော့
တွေ့ပါပြီ ရှောင်ကျန့်ကို။

လက်ထဲမှာလည်း အထူးမှာထားတဲ့ခရမ်းရောင် ပန်းစည်းကြီး ပွေ့ထားပြီး
ပြုံးပြီး ပါးစပ်ကလည်း တစ်ခုခုပြောနေရင်း ထိုင်နေတယ်။

မခွဲအတူ Where stories live. Discover now