ဒါရိုက်တာက သူတို့ စီမံကိန်းအလုပ်တွေကိုခုတလောအချိန်ပေးနိုင်တာ နည်းတော့
ရှောင်ကျန့် တစ်ယောက် လုံးဝ အနားမယူရဲ။နှင်းလျှောစီးစခန်းမှာ ဂီတဖျော်ဖြေပွဲကျင်းပမည်ဖြစ်လို့ ဧည့်သည်များအတွက် နေရာ
ထိုင်ခင်း ၊ စားသောက်ရန် နှင့် အပန်းဖြေ
နေရာများ၊ အပြီးသတ်ပြင်ဆင်ထားပြီးဖြစ်တဲ့
View Point နေရာတွေကို ရှင်းလင်းရေး
စတဲ့ အလုပ်တွေက တစ်ပုံတစ်ပင်။ရှောင်ကျန့် နဲ့ ရွှမ်းဟွမ် နေ့လည်စာ စားကြတော့ ညရှစ်နာရီ။
"ရှေ့နေကြီး ကျွန်တော်တို့ ဒီည ညဆိုင်းပါ ဆင်းပြီး လုပ်မလို့"
"ရှောင်ကျန့်ရေ ဝမ်ရိပေါ် မနက်ဖြန်ရောက်မယ် သူလာရင် အပြင်အဆင်တွေကို စစ်အုံးမှာ မကြိုက်ရင် အစကပြန်ဆင်လိမ့်မယ် "
"Stage နေရာကိုတော့ သူမပြင်လောက်ပါ
ဘူးနော် "" ရှောင်ကျန့် သေချာတယ် သူမပြင်ဘူး မင်းလုပ်ထားတာမို့ ဟဟ"
"အာ ... ကျွန်တော့် စိတ်ကူးကို ဒါရိုက်တာ သဘောကျ မကျ မသေချာပါဘူး ဒါမျိုး ပြင်ဆင်ဖူးတာ ပထမဆုံးမို့လေ"
ရှောင်ကျန့် နေရထိုင်ရခက်သွားတယ်။
ရွှမ်းဟွမ်ရဲ့ စကားက အနှောင့်မလွတ်မို့။*******************
ပါပါးကို လေဆိပ်လိုက်ပို့ပြီး လေယာဉ်တက်တာနဲ့ ရိပေါ် အလုပ်ဆီဘဲ တောက်လျှောက်
ပြန်လာခဲ့လိုက်တယ်။ရိပေါ် ရောက်တော့ ညပိုင်း ရောက်နေပြီ ပြင်ဆင်ထားတာတွေကတော့ စိတ်တိုင်းကျစရာပင်။
လူကြိုက်များပြီး သဘာဝအလှနေရာမှာ
ဂီတပွဲ လုပ်ချင်ကြောင်း ပါပါးမိတ်ဆွေ ဂီတပညာရှင်တစ်ဦးက ပြောလာတာမို့ ငြင်းမရခဲ့။စစ်စရာဆိုလို့ Stage ဘဲ ကျန်တော့လို့
အဲဒီဘက် ရိပေါ်ရောက်တော့....တက်ကြွတဲ့ လှုပ်ရှားမှုတွေနဲ့ ရှောင်ကျန့်။
သူ့ကိုမြင်တော့ အစ်ကိုရွှမ်းဟွမ်က
လက်ပြရင်း လျှောက်လာတယ်။"ရိပေါ် ငါတို့ ဘယ်အပိုင်း စပြီး
ဖြိုချပေးရမလဲ"ရွှမ်းဟွမ်က ထမင်း သုံးရက် မစားရတဲ့ မျက်နှာနဲ့ အသံနဲ့ မေးတယ်။
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။