"ရိပေါ် ပါး တစ်သက်လုံး သိမ်းထားခဲ့တဲ့ အမှန်တရားတွေဘဲ သားကို တစ်နေ့ပြောပြမယ်လို့ ရည်ရွယ်ထားတာ ခုတော့
သားသိရပြီပေါ့""ဒါတွေကို နည်းနည်းလေးတောင် မရိပ်မိ
ခဲ့ပါဘူး သားကိုခွင့်လွှတ်ပါ ပါပါးကို
ပင်ပန်း စေမိတယ်""တောင်းပန်ပါတယ် ပါးကို နားလည်မှု
မပေးနိုင်လို့ မားဆုံးတော့ဘဝမှာ ဘယ်သူမှ
မရှိဘူးလို့တွေးပြီးဆိုးခဲ့မိတာတွေ အားလုံးအတွက်သားတောင်းပန်ပါတယ် ပါးရယ်"ရိပေါ်က ငိုရင်းနဲ့ ပါပါးရှေ့မှာ ဒူးထောက်လိုက်မိတယ်။ သူဟာတကယ်ကို အသုံးမကျတဲ့ သားပါဘဲ။
ဝမ်ဟန်က သားလေးကို ပွေ့ထူပြီး ဖက်ထားလိုက်မိတယ်။ သူကိုယ်တိုင်လည်း မျက်ရည်များကျနေပြီး..
"ဘယ်မိဘကမှ သားသမီးအပေါ် အပြစ်မတင်ပါဘူး ပြီးတော့ ပါးက သားသိဖို့ ပြောပြတာကိုယ့်ကိုယ်ကို အပြစ်တင်တဲ့စိတ်နဲ့ ရှင်သန်စေချင်လို့ မဟုတ်ဘူးဆိုတာ သားမှတ်ထားနော်"
"သားကို ပါပါး သိပ်ချစ်တယ် သားလေးကြောင့် ပါပါး ဆက်ပြီး အသက်ရှင်နေတာပါ ဒါကြောင့် သားက ကောင်းကောင်းမွန်မွန် ရှင်သန်နေထိုင်ရမယ်နော်"
"သား... သားလည်း ပါပါးကို သိပ်ချစ်တယ် ပြီးတော့ သား ကျန်းမာအောင် နေပါ့မယ်"
ရိပေါ်လေးရဲ့ ကတိစကားတစ်ခွန်းက
ဝမ်ဟန်ရဲ့ဘဝကို ပြီးပြည့်စုံစေပါတယ်။"သား ဦးငယ်ကို တွေ့ချင်တယ် ပါပါး"
**************************
ရှောင်ကျန့် စိတ်ပူနေတယ်။ ရိပေါ်နဲ့ အဆက် အသွယ်မရတာ ငါးရက်ရှိပြီ။ ခါတိုင်းဆို ငါးမိနစ်တစ်ခါ ဖုန်းဆက် စာပို့ လုပ်နေသူက
ခုဆို သူပို့တဲ့ စာတွေလည်း မပြန် ဖုန်းလည်း
မဖြေ။ရွှမ်းဟွမ်ကို မေးတော့လည်း သူဆက်သွယ်တာလည်း မရကြောင်း ပြောနေတယ်။
ရိပေါ်ရေ ဘယ်မှာလဲကွာ။
****************************
သူအသက်ရှင်နေရခြင်းအကြောင်းကို
ကြားရပြီးတဲ့နောက် စွန့်လွှတ်
ရမှာက ဘာလဲဆိုတာ သိခဲ့ပြီး သူ့ဘဝက
တစ်ကြိမ် ထပ်ပြီးအသက်မဲ့တယ်။
YOU ARE READING
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။