"ရိပေါ်"" အင်း ရွှမ်းဟွမ်ကော"
"နေမကောင်းဘူးလား ရိပေါ် မင်းကြည့်ရတာ အားအင်ကုန်ခမ်း ပင်ပန်းနေသလိုဘဲ"
"ကောင်းပါတယ် အလုပ်များလို့ပါ အားအင်ကုန်ခမ်းရအောင် ဘာကြီးလဲဗျာ "
"သိပါဘူးကွာ ရုပ်ရှိရေလျှံ အဖိုးတန်လေး
ဆိုတော့ နှလုံးသားကိစ္စနဲ့ ဗျာများနေတာ
လားလို့ မေးကြည့်တာပါ ဟားဟား "ရိပေါ်က လာပြန်ပြီ ဆိုတဲ့ အကြည့်နဲ့
ကြည့်လိုက်တယ်။"ရွှမ်းဟွမ်ကော ခုနက ထမင်းဗူးတွေ ဝယ်လာတယ်မလား ဘာဟင်းတွေလဲ"
"ငါးရယ် အမဲသားရယ် မင်းဘာစားမလဲ
ရိပေါ်""အမဲသား"
ရွှမ်းဟွမ်က နှုတ်ခမ်းမဲ့ကာကြည့်လိုက်ပြီး..
"အေးပါ ရော့ ရော့ အမဲသားဘဲ စားမယ်ဆိုတာ သိတယ် မင်းက အားရှိနေဖို့လိုတယ်လေ"
" ကောရာ ကျွန်တော်က ဘာလုပ်နေလို့လဲ"
**********************
ရိပေါ် cafe ထဲဝင်လိုက်တော့ ရွှမ်းဟွမ်နဲ့
ယွီပင်းတို့ တစ်ဝိုင်းတည်းထိုင်နေကြတာ
တွေ့ရတယ်။ယွီပင်းက ရိပေါ်ကို ထပြီးနှုတ်ဆက်တယ်
ရွှမ်းဟွမ်က " ဒီမှာဘဲ ထိုင်လေ" ဆိုတာနဲ့
ရိပေါ် သူတို့နဲ့ ဝင်ထိုင်လိုက်တယ်။"ဒါနဲ့ ရှောင်ကျန့်ရော ယွီပင်း "
ရွှမ်းဟွမ်က မေးလိုက်ခြင်းပါ။"မနေ့ညနေပိုင်းက ပေကျင်း ပြန်သွားတယ်။သူ့အဒေါ် နေမကောင်းဖြစ်လို့။ဒီညနေတော့ ပြန်ရောက်မယ် ပြောပါတယ်"
"ဟုတ်လား ယွီပင်း ဒါနဲ့ မေးရအုံးမယ်
ရှောင်ကျန့်နဲ့ အလုပ်တွဲလုပ်တာ ကြာပြီလား" ရွှမ်းဟွမ်က ဆက်မေးတယ်။" ကြာပြီ ကောက ကျွန်တော်တို့စီနီယာလေ"
"ဟုတ်လား ရှောင်ကျန့်က ယဉ်ကျေးပါတယ် ဒါပေမဲ့ နည်းနည်းအေးစက်စက်ဖြစ်နေတာကလွဲရင်" ရွှမ်းဟွမ် ဆက်ပြောတော့ ယွီပင်းက
"မဟုတ်တာ ရှေ့နေကြီးရယ် ရှောင်ကျန့်ကောက နွေးထွေးပါတယ် ပြီးတော့ စာနာတတ်တဲ့သူတစ်ယောက်ပါ"

DU LIEST GERADE
မခွဲအတူ
Fanfictionချစ်ခြင်းမေတ္တာဟာ နူးညံ့ပါတယ် ဆုံတွေ့ချိန် ခွဲခွာချိန်ကို ကြိုတင်မသိရှိနိုင်ခဲ့ရင်တောင် ချစ်ခြင်း မေတ္တာဟာ သိပ်ကို နူးညံ့စွာနဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်တယ်လေ..။